နွေဦးတော်လှန်ရေးလူထုမှတ်တမ်း
ဒီမိုကရေစီခေတ်မှာ ကိုယ့်စိတ်ကြိုက်အစိုးရ ကိုယ်ရွေးချယ်ခွင့်မရ၊ တစ်နိုင်ငံလုံး စစ်ဖိနပ်အောက် ရောက်ခဲ့ရတဲ့ တစ်နှစ်တာအတွင်း မြန်မာပြည်သူတွေ နေ့စဉ် ရင်ဆိုင်ဖြတ်သန်းခဲ့ရတာတွေထဲက ပြန်ပြောပြချင်တဲ့အကြောင်းတွေ၊ ကပ္ဗည်းမှတ်တမ်းတင်ချင်တဲ့ အကြောင်းတွေကို ဒီစာမျက်နှာမှာ ရေးသားမျှဝေနိုင်ပါတယ်။
- 2022-01-27
-
-
-
စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်အကြာမှာ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးအကျဉ်းချမှုတွေကြားမှာ တစ်နိုင်ငံလုံး စိုးရိမ်ကြောက်ရွံ့နေကြရပါပြီ။
ပြည်သူတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို စစ်တပ်က အင်အားသုံး နှိမ်နှင်းပြီး နိုင်ငံအနှံ့ ဖမ်းဆီးခဲ့ရာမှာ အရပ်သား ၁၅၀၀ နီးပါးသေဆုံး၊ ကိုးထောင်နီးပါး ဖမ်းဆီးခံထားရသလို၊ အမြောက်အမြား နှိပ်စက်ညှင်းပန်းခံခဲ့ကြရပါတယ်။
ဒီမိုကရေစီခေတ်မှာ ကိုယ့်စိတ်ကြိုက်အစိုးရ ကိုယ်ရွေးချယ်ခွင့်မရ၊ တစ်နိုင်ငံလုံး စစ်ဖိနပ်အောက် ရောက်ခဲ့ရတဲ့ တစ်နှစ်တာအတွင်း မြန်မာပြည်သူတွေ နေ့စဉ် ရင်ဆိုင် ဖြတ်သန်းခဲ့ရတာတွေထဲက ပြန်ပြောပြချင်တဲ့အကြောင်းတွေ၊ ကပ္ဗည်းမှတ်တမ်း တင်ချင်တဲ့ အကြောင်းတွေကို RFA Facebook Fan Group စာမျက်နှာ မှာ ရေးသားမျှဝေနိုင်ပါတယ်။
မီဒီယာတွေမှာဖော်ပြပြီးသား သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ကူးယူမျှဝေတာ၊ တခြားသူတွေရဲ့စာကို ထပ်ဆင့်ဖော်ပြတာမဟုတ်ဘဲ ကိုယ်တိုင်မျက်မြင်ကြုံတွေ့၊ ခံစားခဲ့ရတာတွေကိုသာ ရေးသားမျှဝေစေလိုပါတယ်။
ဘာသာရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တိုက်ခိုက်မှု၊ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေပါဝင်တဲ့ ပို့စ်တွေ၊ ကွန်မဲန့်တွေကို ဖော်ပြမှာမဟုတ်ပါဘူး။