အမှိုက်တစ်ပိဿာ ငွေကျပ်တစ်ရာ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “သန့်မြန်မာ”အဖွဲ့က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က ရပ်ကွက်တွေ လမ်းတွေမှာ အမှိုက်တစ်ပိဿာ တစ်ရာကျပ်နဲ့ ဝယ်ယူနေတာ ဖြစ်ပါတယ်။

Photo: RFA
အမှိုက်ကောက်ဖို့ စည်းရုံးတဲ့အခါမှာ လူစိတ်ဝင်စားမှုပြီး ပူးပေါင်းပါဝင်လိုစိတ်မရှိတာကြောင့် အခုလို ပိုက်ဆံပေး အမှိုက်ဝယ်တဲ့ အစီအစဉ်နဲ့ လူစိတ်ဝင်စားအောင် လုပ်တာလို့ ဆိုပါတယ်။

Photo: RFA
Photo: RFA
လုပ်အားခပေး အမှိုက်ကောက်တဲ့အစီအစဉ်က ပတ်ဝန်းကျင်လည်းသန့်ရှင်းပြီး စားဝတ်နေရေးအတွက်လည်း အဆင်ပြေတယ်လို့ ပြောပါတယ်။

Photo: RFA
စည်ပင်သာယာရဲ့ အမှိုက်သိမ်းဆည်းစနစ် မရှိတဲ့နေရာတွေမှာ အမှိုက်ဝယ်ခဲ့တာဖြစ်ပြီး ဆွေးမြေ့ဖို့ခက်ခဲတဲ့ ပလပ်စတစ်နဲ့ ကြွတ်ကြွတ်အိတ်တွေကို အဓိကထားပြီး ဝယ်ယူတာပါ။

Photo: RFA
“သန့်မြန်မာ” အဖွဲ့ဟာ ၂၀၂၂ ခုနှစ်ကလည်း အင်းစိန်၊ ရွှေပြည်သာနဲ့ ဒလမြို့နယ် သုံးမြို့နယ်မှာ အမှိုက်တွေ ဝယ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org