SNLD ပါတီတည်ထောင်သူ ဦးခွန်ထွန်းဦး ဈာပန

ဦးခွန်ထွန်းဦးဟာ ၂၀၂၂ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ရန်ကုန်မြို့ ၉ မိုင် နေအိမ်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပါပြီ။

Photo - RFA

Photo - RFA

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတည်ထောင်သူ ဦးခွန်ထွန်းဦးရဲ့ ဈာပနအခမ်းအနားကို မေလ ၂ ရက် ဒီကနေ့ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

Photo - RFA
ဦးခွန်ထွန်းဦးဟာ ၂၀၂၂ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က ရန်ကုန်မြို့ ၉ မိုင် နေအိမ်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပါပြီ။
Photo - RFA

ဒီကနေ့ ဈာပနအခမ်းအနားကို နိုင်ငံရေးပါတီတွေ၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လွမ်းသူ့ပန်းခွေတွေ ပေးပို့ခဲ့ပါတယ်။

Photo - RFA

ဦးခွန်ထွန်းဦးဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဇာတိဖြစ်တဲ့ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူပါ။

Photo - RFA

Photo - RFA

၂ဝဝ၅ ခုနှစ်မှာ ရှမ်းပြည်နယ်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းလို့ဆိုပြီး စစ်အစိုးရက ထောင်ဒဏ် ၉၃ နှစ်ချမှတ်တာ ခံခဲ့ရပါတယ်။

Photo - RFA
အဲဒီနောက် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

Photo - RFA
သူကွယ်လွန်ခြင်းဟာ ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေက ရှုမြင်သုံးသပ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org