အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၃၀၀ ကျော်ပြန်လွတ်

ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက မေလ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများအား တွေ့ရစဉ်။

အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက မေလ ၃ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကလည်း ဒီနေ့မှာ အကျဉ်းသား ၃၀၀ ကျော် ပြန်လည်လွတ်မြောက်လာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org