စားဝတ်နေရေးခက်ခဲလာတဲ့ ရန်ကုန်မြို့ခံများ

အရင်က လာရောက်တန်းစီတဲ့သူ အနည်းငယ်သာရှိပေမယ့်အခုနောက်ပိုင်း လာရောက်သူ ၄၀၀ ကျော် ရှိလာတယ်လို့ ချက်ပြုတ်လှူဒါန်းနေတဲ့ ဆရာတော် အရှင်ဥတ္တမသီရိက မိန့်ပါတယ်။

ထမင်းနဲ့ဟင်း လာရောက်တန်းစီယူနေကြသည့် ရန်ကုန်မြို့ဒေသခံများ

Photo - RFA
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က သရက်တောကျောင်းတိုက်၊ သဘာဝတရားရိပ်သာအရှေ့မှာ နေ့စဉ် နေ့လယ်စာ ထမင်းနဲ့ဟင်း ဝေငှလှူဒါန်းနေတာ တစ်နှစ်ကျော်ပြီဖြစ်ပါတယ်။

Photo - RFA

Photo - RFA

လိုအပ်နေသူတွေအနေနဲ့ နေ့လယ်စာ ထမင်းနဲ့ဟင်း လှူဒါန်းမှုကို လာရောက်တန်းစီပြီး ယူကြတာ တစ်နေ့ထက်တစ်နေ့ များလာတယ်လို့ အနီးနားရှိသူတွေက ပြောပါတယ်။

Photo - RFA

အရင်က လာရောက်သူ အနည်းငယ်သာရှိလို့ ကျောင်းမှာရှိတာပဲ လှူဒါန်းခဲ့ပေမဲ့ အခုနောက်ပိုင်း လာရောက်သူ ၄၀၀ ကျော် ရှိလာတာကြောင့် ရန်ကုန်ဆေးရုံကြီးက လိုအပ်နေသူတွေနဲ့ ဝေယျာ၀စ္စအဖွဲ့တွေအတွက်ပါ ရောပြီး လူ ၅၀၀ စာခန့်ကို ချက်ပြုတ်လှူဒါန်းနေတယ်လို့ ကျောင်းတာဝန်ခံ ဆရာတော် အရှင်ဥတ္တမသီရိက မိန့်ပါတယ်။

Photo - RFA

Photo - RFA

လာရောက် လှူဒါန်းလိုသူတွေအတွက် အသားဟင်းနဲ့တစ်နပ်စာ ကျပ်ငွေ သုံးသိန်း၊ ပဲကုလားဟင်းနဲ့ဆိုရင် နှစ်သိန်းနဲ့ သတ်မှတ်ပြီး ကျောင်းကပဲ တာဝန်ယူ ချက်ပြုတ်ပေးနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

Photo - RFA

လူမျိုးမရွေး ဘာသာမရွေး လာရောက်ယူနိုင်အောင် စီစဉ်ထားပြီး အလှူရှင်တွေရဲ့ လှူဒါန်းမှုလည်း ရှိသလို အလှူရှင်မရှိတဲ့ ရက်တွေမှာလည်း ဘုန်းကြီးကျောင်းကပဲ ဦးဆောင်ပြီး လှူဒါန်းနေတယ်လို့လည်း ကျောင်းတာဝန်ခံ ဆရာတော် အရှင်ဥတ္တမသီရိက မိန့်ပါတယ်။

Photo - RFA
Photo - RFA

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org