ထိုင်းရောက် မြန်မာရွှေ့ပြောင်းကလေးငယ်တွေအတွက် စာသင်ကျောင်းများ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်အတွင်း မြန်မာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးသူငယ်တွေအတွက် နိုင်ငံတကာ-အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ အကူအညီနဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတချို့ကို ပြန်ဖွင့်လိုက်ပါပြီ။

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ "သုခဟံသာကျောင်း" စာသင်ခန်းတွင် မြန်မာကလေးသူငယ်များကို ၂၀၂၂ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ Suntorn Chongcharoen/BenarNews

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမှာ နှစ်နှစ်ကြာ ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတွေကို ၂၀၂၂ ဇွန်လ ၁ ရက်နေ့က ပြန်ဖွင့်ခဲ့ပါတယ်။

အဲဒီအထဲမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်အတွင်း မြန်မာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးသူငယ်တွေအတွက် နိုင်ငံတကာ-အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ အကူအညီနဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတချို့လည်း ပါဝင်ပါတယ်။

ထိုင်းလူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ Help without Frontiers Foundation (နယ်စည်းမခြားကူညီစောင့်ရှောက်ရေးအဖွဲ့) က ကမကထပြုပြီး ဖွင့်လှစ်ထားတဲ့ "သုခဟံသာကျောင်း" ဟာ ထိုင်းပညာရေးဝန်ကြီးဌာန လက်အောက်ခံ တရားဝင်ကျောင်းတစ်ကျောင်း မဟုတ်ပေမယ့် မြန်မာဘာသာ၊ ထိုင်းဘာသာနှစ်မျိုးစလုံး သင်ကြားပို့ချပေးနေပါတယ်။

မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံက လက်ခံထားတာ ဆယ်စုနှစ် အတော်ကြာနေပါပြီ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်‌ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် နောက်ထပ်ထွက်ပြေးလာသူတွေ ပိုများလာနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ မြန်မာ‌‌ရွှေ့ပြောင်းကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၇၀ ကျော်က ကျောင်းသား ၁၂,၀၀၀ ရှိတဲ့အထဲမှာ ကျောင်းသား ၂,၀၀၀ လောက်ကတော့ စာသင်ခန်းတွေကို ပြန်မလာနိုင်ကြသေးဘူးလို့ Help without Frontiers Foundation အဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်ကြာပိတ်ထားခဲ့သည့် စာသင်ကျောင်းများ ပြန်ဖွင့်သည့် ၂၀၂၂ ဇွန်လ ၁ ရက်နေ့က မဲဆောက်မြို့ "သုခဟံသာကျောင်း" တွင် မြန်မာကလေးငယ်များကို တွေ့ရစဉ်။ (Photo: Suntorn Chongcharoen/BenarNews)

မဲဆောက်မြို့ "သုခဟံသာကျောင်း" တွင် မြန်မာကလေးသူငယ်များနှင့် ဆရာမတစ်ဦးကို ၂၀၂၂ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Suntorn Chongcharoen/BenarNews)

မြန်မာကလေးငယ်များ စာသင်ခန်းတွင်းဝင်ရန် ဖိနပ်များချွတ်ထားသည်ကို ၂၀၂၂ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Suntorn Chongcharoen/BenarNews)

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်ကြာပိတ်ထားခဲ့သည့် စာသင်ခန်းအတွင်း ပိုးသတ်ဆေးဖြန်းနေသည့် မြန်မာကလေးငယ်တစ်ဦးကို ၂၀၂၂ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Suntorn Chongcharoen/BenarNews)

မဲဆောက်မြို့ "သုခဟံသာကျောင်း" တွင် စာသင်ကြားပေးနေသည့် မြန်မာကျောင်းဆရာတစ်ဦးကို တွေ့ရစဉ်။ (Photo: Suntorn Chongcharoen/BenarNews)

မဲဆောက်မြို့ "သုခဟံသာကျောင်း" တွင် နေ့လယ်စာထမင်းချိုင့် ကိုယ်စီယူဆောင်လာသည့် မြန်မာကလေးငယ်များကို ၂၀၂၂ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Suntorn Chongcharoen/BenarNews)

ထိုင်းနိုင်ငံတွင် စာသင်ကျောင်းများ ပြန်ဖွင့်သည့် ၂၀၂၂ ဇွန်လ ၁ ရက်နေ့က မဲဆောက်မြို့ "သုခဟံသာကျောင်း" တွင် နေ့လယ်စာစားနေသည့် မြန်မာကလေးငယ်တစ်ဦး။ (Photo: Suntorn Chongcharoen/BenarNews)

ထိုင်းနိုင်ငံ မဲဆောက်မြို့ သုခဟံသာကျောင်းဝင်းအတွင်း သန့်စင်ခန်းအသုံးပြုရန် သွားနေသည့် မြန်မာကလေးငယ်တစ်ဦးကို ၂၀၂၂ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Suntorn Chongcharoen/BenarNews)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org