ကပ်ရောဂါဘေးကနေ နာလန်ထူဖို့ကြိုးစားနေရတဲ့ ထိုင်း-မြန်မာနယ်စပ်ကျေးရွာ

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါဘေးကနေ ရွာရဲ့စီးပွားရေး ပြန်ပြီးနာလန်ထူလာအောင် ကြိုးစားနေပေမယ့် နယ်စပ်ဒေသမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေ ပိုဆိုးလာနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

သံလွင်မြစ်အတွင်း ငါးဖမ်းနေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို တွေ့ရစဉ်။ Photo: Yostorn Triyos/BenarNews

ထိုင်း-မြန်မာနယ်စပ်၊ မဲဟောင်ဆောင်ခရိုင်ထဲက မဲဆမ်လက်ဘ်ရွာဟာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့  စည်ကားခဲ့တဲ့ ထိုင်းရွာလေး ဖြစ်ပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါဘေးကနေ ရွာရဲ့စီးပွားရေး ပြန်ပြီးနာလန်ထူလာအောင် ကြိုးစားနေပေမယ့် နယ်စပ်ဒေသမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေ ပိုဆိုးလာနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

"ပထမ… ကိုဗစ်ကပ်ရောဂါကြောင့် အထိနာခဲ့ရတယ်။ ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့ကမ္ဘာလှည့်ခရီးသွားတွေ မလာကြတော့ဘူး။ လှေသမားတွေ၊ ဒေသခံလမ်းပြတွေ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ ဆိုးဆိုးရွားရွား ထိခိုက်သွားတယ်"… လို့ တွမ်မဲဆမ်ရွာအုပ်ချုပ်ရေး တာဝန်ရှိသူ ချိုင်ပွန်ပီပတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း မဲဆမ်လက်ဘ်ရွာနဲ့ သံလွင်မြစ်တစ်ဖက်ကမ်းက ကရင်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့  မြန်မာစစ်အစိုးရတပ်တွေ နယ်ခြားစောင့်တပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။

"ကိုဗစ်ကပ်ရောဂါကို နှစ်နှစ်ကျော်အောင် ကြံ့ကြံ့ခံခဲ့ပြီးလို့ နေသားတကျ ပြန်ဖြစ်ခါစမှာပဲ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတပ်တွေကြား တိုက်ပွဲတွေကြောင့် အခြေအနေတွေက ပြန်ဆိုးလာတယ်၊ အရောင်းအဝယ်တွေ ရပ်သွားတယ်"… လို့  ချိုင်ပွန်ပီပတ်က BenarNews ကို ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ တံငါသည်တွေတောင် ငါးအရနည်းလာတယ်လို့ပြောပါတယ်။ မြန်မာဘက်ခြမ်းက ညဘက်တိုက်ပွဲတွေကြောင့် မှောင်လာပြီဆိုရင် နှစ်နိုင်ငံခြားထားတဲ့ မြစ်ကမ်းပါးမှာ ငါးမဖမ်းရဲကြတော့ဘူးလို့ ဆိုပါတယ်။

"တိုက်ပွဲတွေဖြစ်မှာကို ခန့်မှန်းလို့မရတဲ့အတွက် အနီးအနားကျေးရွာကလည်း လှေတစ်ချို့နဲ့ ရိက္ခာတွေ၊ လိုအပ်တာတွေ သိုလှောင်ဖို့ လာဝယ်နေကြတယ်" လို့  ချိုင်ပွန်ပီပတ်က ပြောပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org