တရုတ်ကို ပို့နေတဲ့ လပွတ္တာမြို့က ပင်လယ်ကဏန်းလုပ်ငန်း
ပင်လယ်ကဏန်းတွေကို ဧရာဝတီတိုင်း လပွတ္တာမြို့ကနေ တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချပါတယ်။
-
RFA Burmese
2024-04-08 -
-
-
ပင်လယ်ကဏန်းတွေကို ဧရာဝတီတိုင်း လပွတ္တာမြို့ကနေ တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချပါတယ်။
ဒီကဏန်းတွေကို တရုတ်နိုင်ငံကို အရှင်တင်ပို့တာရှိသလို ကဏန်းအရေပျော့ မွေးမြူပြီးလည်း ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ စင်ကာပူ နိုင်ငံကိုလည်း တင်ပို့ပါတယ်။
ဧရာဝတီတိုင်းက ပင်လယ်ကဏန်းအများဆုံးထွက်ရာ လပွတ္တာမြို့မှာ ကဏာန်း အဝယ်ဒိုင် တစ်ရာကျော်ရှိပြီး ဘိုကလေးမြို့နယ်တွေကလည်း လာပြီး ရောင်းချကြပါတယ်။
အခုနှစ်မှာတော့ ကဏန်းစျေး အရင်နှစ်ထက် နှစ်ဆတက်လာပေမယ့် ကဏန်းရရှိမှုက အရင်နှစ်ထက် ထက်ဝက်ကျဆင်းသွားပါတယ်။
ကဏန်း ရှားပါးလာတာနဲ့အတူ စျေးနှုန်းမြင့်တက်နေတာကြောင့် ကဏန်းအရည်ပျော့ မွေးမြူသူ နှစ်ဆယ်ရာခိုင်းနှုန်းလောက်ပဲ လုပ်ငန်းလည်ပတ်နိုင်တော့ပါတယ်။
ကဏန်းတစ်ကီလိုကို ကျပ် နှစ်သောင်းခွဲ (၂၅၀၀၀) ကနေ ကျပ်သုံးသောင်းခွဲ (၃၅၀၀၀) အထိ ပေါက်စျေးရှိပါတယ်။