အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ
အစ္စလာမ်ဘာသာဝင်တွေရဲ့ တစ်လကြာ ရာမသွာန် ဥပုသ်လ မတ်လ ၂ ရက်နေ့မှာ စတင်နေပါပြီ။
-
RFA Burmese
2025-03-03 -
-
-
ရန်ကုန်မြို့တွင်းရှိ ဗလီတစ်ခုတွင် ဝတ်ပြုဆုတောင်းနေကြသည့် အစ္စလာမ်ဘာသာဝင်များ။
Photo: RFA
အစ္စလာမ်ဘာသာဝင်တွေရဲ့ တစ်လကြာ ရာမသွာန် ဥပုသ်လ မတ်လ ၂ ရက်နေ့မှာ စတင်နေပါပြီ။
ဘာသာရေးအရ အရေးပါတဲ့ ရာမသွာန် ဥပုသ်လရောက်တိုင်း မွတ်စလင်တွေဟာ အရုဏ်တက် နေထွက်ချိန်ကနေ ညနေပိုင်း နေဝင်ချိန်ထိ ဥပုသ်သီလ ဆောက်တည်ကြပါတယ်။
ရန်ကုန်မြို့က ဗလီတွေမှာ အစ္စလာမ်ဘာသာဝင်တွေ စုရုံးပြီး ဥပုသ်စောင့်ကြ၊ ဝါဖြေဖို့အတွက် အာဟာရ (ဟာလင်) အစားအသောက်တွေ ဝေငှလှူဒါန်းကြတာတွေ့ရပါတယ်။
ဥပုသ်အထွက် ဝါဖြေဖို့အတွက် အစားအသောက်ရောင်းတဲ့ဆိုင်တွေမှာ ဝယ်ယူနေကြသူတွေကိုလည်း တွေ့ရပါတယ်။