သုံးနှစ်ကြာရပ်နားခဲ့ရတဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲ ပြန်လည်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးဖောင်တော်ဦးဘုရားဟာ အောက်တိုဘာလ ၁၉ ရက်မှာ ငါးဖယ်ချောင်းရွာကနေ ကြေးစားကျောင်းကို ကြွချီအပူဇော်ခံခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးကန်အနီးတစ်ဝိုက်ရွာများသို့ အင်းလေးဖောင်တော်ဦးဘုရား ကြွချီအပူဇော်ခံစဉ်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးဖောင်တော်ဦးဘုရားဟာ အောက်တိုဘာလ ၁၉ ရက်မှာ ငါးဖယ်ချောင်းရွာကနေ ကြေးစားကျောင်းကို ကြွချီအပူဇော်ခံခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးဖောင်တော်ဦးဘုရားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အင်းလေးဖောင်တော်ဦးဘုရားပွဲတော် မကျင်းပနိုင်တာ သုံးနှစ်ရှိပါပြီ။ ဒီနှစ်မှာတော့ ဘုရားပွဲကို ပြန်လည်ကျင်းပခဲ့ပြီး အောက်တိုဘာလ ၁၅ ရက် သတင်းကျွတ်လဆန်း ၁ ရက်ကစလို့ လှည့်လည်ပူဇော်ခံနေတာပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးကန်အနီးတစ်ဝိုက်ရွာများသို့ အင်းလေးဖောင်တော်ဦးဘုရား ကြွချီအပူဇော်ခံစဉ်။ (Photo: RFA)

အင်းလေးကန်အတွင်းက ကျေးရွာတွေကို အောက်တိုဘာလ ၂၈ ရက်အထိ လှည့်လည်အပူဇော်ခံမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org