ရော်ဘာခင်းတွေကြား မျှော်လင့်ချက်အတွက် ရုန်းကန်နေရသူများ

အသက် ၁၇ နှစ်အရွယ် မတင်တင်ဝေဟာ ၁၃ နှစ်အရွယ်ကတည်းက ရော်ဘာစေးခြစ်တဲ့အလုပ်နဲ့ မိသားစု စားဝတ်နေရေးကို ကူညီနေတာ အခုဆို ဒီအလုပ်မှာ ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။

ရော်ဘာစေးအထွက်များတဲ့အချိန် ညပိုင်း ၁၂နာရီ ဝန်းကျင်တွင် ရော်ဘာစေးရဖို့ တစ်ပင်ပြီးတစ်ပင် ခြစ်ပြီး ခွက်ဖြင့်ခံယူနေသည့် မတင်တင်ဝေအား ၂၀၂၄ ခုနစ် နိုဝင်ဘာလ ၉ရက်နေ့ ညက တွေ့ရစဥ်။ RFA

အသက် ၁၇ နှစ်အရွယ် မတင်တင်ဝေဟာ ၁၃ နှစ်အရွယ်ကတည်းက ရော်ဘာစေးခြစ်တဲ့အလုပ်နဲ့ မိသားစု စားဝတ်နေရေးကို ကူညီနေတာ အခုဆို ဒီအလုပ်မှာ ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။

သူတို့ဇာတိက ဧရာဝတီတိုင်း အိမ်မဲမြို့ပါ။ အဲဒီကနေ ပဲခူးဘက်က ရော်ဘာခြံတွေဘက်မှာ သွားရောက်လုပ်ကိုင် ခဲ့ပါတယ်။ ဒါပေမဲ့ အဆင်မပြေတာကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာတိုက်နယ်က ရော်ဘာစိုက်ခင်းတစ်ခုကို မိသားစုလိုက် ပြောင်းရွှေ့အခြေချနေတာ နှစ်နှစ်ကျော်ရှိနေပါပြီ။ သူတို့မိသားစုမှာ ခြောက်ယောက်ရှိပြီး ရော်ဘာစေးခြစ်တဲ့အလုပ်ကို သူ့အစ်ကိုနဲ့အတူ လုပ်ကိုင်ရတာပါ။

မတင်တင်ဝေတို့ မောင်နှမနှစ်ယောက်ဟာ ရော်ဘာအစေးခြစ်တာ၊ ခွက်ထဲက ရော်ဘာအစေးသိမ်းပြီး အစေးစပ်တာ၊ သံပုံစံခွက်ထဲမှာခဲပြီး အချပ်ဖြစ်အောင်လုပ်တာ၊ နေပူမှာ အခြောက်ခံတာစတဲ့ ရော်ဘာပြားတွေ ရလာတဲ့အထိ အဆင့်ဆင့်လုပ်ကိုင်ကြရပါတယ်။ အရည်အသွေးကောင်းမွန်ပြီး စျေးကောင်းရဖို့အတွက် အဆင့်တစ်ခုစီတိုင်းမှာ ဂရုတစိုက်ပြုလုပ်ကြရပါတယ်။ ရော်ဘာစျေးကတော့ အရည်အသွေးပေါ် မူတည်ပြီး တစ်ပေါင်ကို ကျပ် ၂၂၀၀ ကနေ ၂၅၀၀ ဝန်းကျင်အထိရကြပါတယ်။

အခုလို ရာသီချိန်မှာ နေ့စဥ် ရော်ဘာစေးခြစ်ပြီး ရော်ဘာပြားထုတ်လုပ်တာကို မောင်နှမ နှစ်ယောက် ကြိုးစားလုပ်ကိုင်ရင်း တစ်ချိန်က ဝမ်းရေးအတွက် ပေါင်နှံထားခဲ့ရတဲ့ မိဘဘိုးဘွားပိုင် လယ်မြေတွေကို ပြန်ရွေးနိုင်ဖို့ မတင်တင်ဝေတစ်ယောက် မျှော်လင့်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org