ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနေတဲ့ HIV/AIDS ဂေဟာ

HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးထားတဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းက NAC ဂေဟာမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရတဲ့ ကလေး ၉၄ ယောက်နဲ့ လူကြီး ၆၆ ယောက် စုစုပေါင်း အယောက် ၁၆၀ ရှိပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းက NAC ဂေဟာ။

HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးထားတဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းက NAC ဂေဟာမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရတဲ့ ကလေး ၉၄ ယောက်နဲ့ လူကြီး ၆၆ ယောက် စုစုပေါင်း အယောက် ၁၆၀ ရှိပါတယ်။

ဒီဂေဟာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ၂၀၁၀ ခုနှစ်မှာ တည်ထောင်ထားတာပါ။

အခု စစ်အာဏာသိမ်းပြီးနောက်မှာတော့ သူဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အဖွဲ့ဝင်ဖြစ်လာတာကြောင့် စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးတာ ခံနေရသလို ဂေဟာရဲ့ အလုပ်တွေ ဆက်မလုပ်နိုင်ဘဲ လွတ်မြောက်နယ်မြေကို တိမ်းရှောင်နေရတာပါ။

ဒေါ်ဖြူဖြူသင်းနဲ့အတူ ဒီဂေဟာကို အဓိက တာဝန်ယူကြီးကြပ်နေတဲ့ တာဝန်ခံ ကိုရာဇာကိုလည်း မတ်လ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားပါတယ်။

ဂေဟာရဲ့ အဓိကတာဝန်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးထားတာကြောင့် မှီခိုနေရတဲ့သူတွေအတွက် စားဝတ်နေရေးကအစ အခက်အခဲရှိနေပါတယ်။

တာဝန်ယူ စောင့်ရှောက်မယ့်သူလည်းမရှိ၊ အကူအညီပေးသူတွေလည်း နည်းလာတာကြောင့် ဂေဟာရေရှည်ရပ်တည်ရေး ခက်ခဲလာနေပြီလို့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org