ဂေါ်ရင်ဂျီကျွန်းက မျှင်ပုစွန် ဖမ်းဆီးသူများ

ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ နံ့သာပုကျေးရွာမှာရှိတဲ့ ဒေသခံတွေဟာ တစ်နိုင်တစ်ပိုင် မျှင်ပုစွန်ထောင်တဲ့လုပ်ငန်းကို ဂေါ်ရင်ဂျီကျွန်းအနီးဝန်းကျင်မှာ လုပ်ကိုင်နေကြတာပါ။

ဂေါ်ရင်ဂျီကျွန်းတွင် မျှင်ပုစွန် ဖမ်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ နံ့သာပုကျေးရွာမှာရှိတဲ့  ဒေသခံတွေဟာ တစ်နိုင်တစ်ပိုင် မျှင်ပုစွန်ထောင်တဲ့လုပ်ငန်းကို  ဂေါ်ရင်ဂျီကျွန်းအနီးဝန်းကျင်မှာ လုပ်ကိုင်နေကြတာပါ။

 

(Photo: RFA)

မျှင်ငပိတစ်ပိသာကို ကျပ် ၁၅,၀၀၀ ရတာကြောင့် မျှင်ပုစွန်တွေကို ဝိုင်းပိုက်လို့ခေါ်တဲ့ ပိုက်တွေ၊ ဂေါ်လို့ခေါ်တဲ့ မျှင်ပုစွန်ဖမ်းတဲ့ ကိရိယာတွေနဲ့ ရှာဖွေဖမ်းယူကြပါတယ်။

 

(Photo: RFA)

ဝိုင်းပိုက်နဲ့ မျှင်ပုစွန် ဖမ်းယူတဲ့အခါမှာ လူငါးဦးကနေ ၁၅ ဦးအထိ လိုပါတယ်။

(Photo: RFA)

အရင်က တစ်ရက်ကို ခြင်းတောင်း ၇၀ ကနေ ၈၀ ကြားရပေမယ့် လက်ရှိမှာတော့ မျှင်ပုစွန် အရနည်းလာပြီး နှစ်ခြင်းကနေ ငါးခြင်း ဝန်းကျင်သာ ရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(Photo: RFA)

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org