ပြည်ပအပ်ထည် မရှိတော့တာကြောင့် အထည်ချုပ်လုပ်ငန်းတွေ ရပ်တည်ရခက်ခဲလာ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ နိုင်ငံခြားက လုပ်ငန်းအမှာတွေ မရှိတော့တာကြောင့် လက်ရှိမှာ စက်ရုံအချို့ လုပ်ငန်းရပ်နား ထားကြရပါတယ်။

Photo: RFA

ရန်ကုန်တိုင်းအတွင်းက အထည်ချုပ်လုပ်ငန်းတွေဟာ ပြည်ပ လုပ်ငန်းအမှာစာတွေ မရှိတော့တာကြောင့် စက်ရုံတချို့ လုပ်ငန်းရပ်နားထားရပါတယ်။

Photo: RFA

အခုနှစ် စက်တင်ဘာလကစပြီး ဥရောပအပါအဝင် အနောက်နိုင်ငံတွေက နောက်ထပ်အမှာ မရှိတော့တာကြောင့် ပြည်တွင်းအပ်ထည်တွေကိုသာ စောင့်ဆိုင်း လုပ်ကိုင်နေကြရတယ်လို့ ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

Photo: RFA

အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လျော်ကြေးငွေပေးပြီး စက်ရုံအလုပ်သမား ၆၀ ရာခိုင်နှုန်းကျော်ကို လျှော့ချခဲ့ရပြီးနောက် ပြည်တွင်းက အမှာအပ်ထည်တွေကို လက်ကျန်အလုပ်သမားတွေနဲ့ ဆက်ပြီးလုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

Photo: RFA

Photo: RFA

ပြည်တွင်းအပ်ထည်ကလည်း နည်းပါးတဲ့အတွက် အမြတ်အစွန်းထက် လုပ်ငန်းရပ်မသွားဖို့နဲ့ အလုပ်သမားစရိတ်ရဖို့အတွက်ကိုပဲ ကြိုးပမ်းနေရတယ်လို့ ပြောပါတယ်။

Photo: RFA

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၇၈၃ ခုရှိတဲ့အနက် ၅၃၅ ရုံသာ လုပ်ငန်း လည်ပတ်နိုင်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်းအသင်း (MGMA)ရဲ့ စက်တင်ဘာလထုတ် သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org