အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်း

မုန်တိုင်းရဲ့ ဗဟိုချက်မဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အပျက်အစီးအများဆုံးဖြစ်ခဲ့ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားတယ်လို့ ဒေသခံအကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

မုန်တိုင်းပြီးနောက် ကျောက်တော်မြို့က ဒေသခံတစ်ဦးအားတွေ့ရစဉ်။ Photo: AFP

အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၁၂ ဦးထက်မနည်း ရှိခဲ့ပါတယ်။

စစ်တွေမြို့က အပျက်အစီးများတွေ့ရစဉ်။ (Photo: Citizen journalist)

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့ဝင်ဆိုင်းဘုတ်။ (Photo: Citizen Journalist)

မုန်တိုင်းရဲ့ ဗဟိုချက်မဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အပျက်အစီးအများဆုံးဖြစ်ခဲ့ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားတယ်လို့ ဒေသခံအကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

စစ်တွေမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးရုံးရှိ သစ်ပင်ကြီးတစ်ပင် လဲကျနေသည်ကို မြင်တွေ့ရစဉ်။ (Photo: Citizen Journalist)

မုန်တိုင်းအပြီး ကျောက်တော်မြို့ခံနှစ်ဦးအားတွေ့ရစဉ်။ (Photo: AFP)

စစ်တွေမြို့ရဲ့ ဆက်သွယ်ရေးတာဝါတိုင် ပျက်စီးသွားလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။

ဧရာဝတီတိုင်း လပွတ္တာမြို့ကို မုန်တိုင်းရှောင်ဖို့ လာရောက်ခဲ့သည့် ဒေသခံများ မုန်တိုင်းအပြီးအိမ်ပြန်ခရီး။ (Photo: Latputta Heart)

မုန်တိုင်းဟာ ရခိုင်ပြည်နယ်ကနေတစ်ဆင့် ကုန်းတွင်းမုန်တိုင်းအဖြစ် ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေကို ဖြတ်သန်းသွားပါတယ်။

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်မှာ တစ်မြို့လုံးရေနစ်မြှုပ်သွားသည့်အတွက် ပိတ်မိနေသူများကို ကူညီရေးအဖွဲ့များက ကယ်ဆယ်နေစဉ်။ (Photo: Citizen Journalist)

မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်း၊ မကွေးနဲ့ ချင်းမှာ နေအိမ်နဲ့စိုက်ခင်းတွေပျက်စီးပြီး လူပေါင်းတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

မုန်တိုင်းဒဏ်ခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ဘေးဒုက္ခသည်နေအိမ်များ ။ (Photo: Citizen Journalist)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org