CNG ဓာတ်ငွေ့ဖြည့်ဖို့ တန်းစီနေတဲ့ ကားတန်းရှည်များ
ရန်ကုန်မြို့မှာ CNG ဓာတ်ငွေ့ပိုက်လိုင်းပေါက်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဇူလိုင်လ ၂၂ ရက်နေ့မနက်ကစလို့ CNG ဓာတ်ငွေ့အရောင်းဆိုင်တွေမှာ CNG သုံး မော်တော်ယာဉ်အများအပြား တန်းစီနေကြတာ တွေ့ရပါတယ်။
- 2022-07-22
-
-
-
၂၀၂၂ ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့တွင် CNG ဓာတ်ငွေ့ဖြည့်ရန် တန်းစီနေသည့် ကားတန်းရှည်များ။
RFA
ရန်ကုန်မြို့မှာ CNG ဓာတ်ငွေ့ပိုက်လိုင်းပေါက်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဇူလိုင်လ ၂၂ ရက်နေ့မနက်ကစလို့ CNG ဓာတ်ငွေ့အရောင်းဆိုင်တွေမှာ CNG သုံး မော်တော်ယာဉ်အများအပြား တန်းစီနေကြတာ တွေ့ရပါတယ်။
တန်းစီတဲ့ကားတွေ များပြားတာကြောင့် အချိန်နှစ်နာရီလောက်အထိ စောင့်ဆိုင်းနေပေမယ့် အလှည့်မရောက်နိုင်သေးဘူးလို့ မော်တော်ယာဉ်မောင်းသူတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ CNG ဓာတ်ငွေ့ကို တက္ကစီအငှားယာဉ်တွေ၊ အများသုံး မြို့တွင်းယာဉ်လိုင်းတွေနဲ့ ပုဂ္ဂလိကယာဉ်တချို့က အသုံးပြုနေကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း အခုလိုပဲ CNG ဓာတ်ငွေ့ဖြည့်ဖို့ အချိန်ကြာမြင့်စွာတန်းစီရတဲ့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။