၇၆ နှစ်မြောက် အာဇာနည်နေ့
၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီက အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပြီး အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
-
RFA Burmese
2023-07-19 -
-
-
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ (၇၆) နှစ်မြောက် အာဇာနည်နေ့ပါ။ အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားနဲ့ ဂါရဝပြုပွဲတွေကို စစ်ကောင်စီကကျင်းပခဲ့သလို အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားသူတွေကလည်း ဂါရဝပြုတာတွေရှိပါတယ်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗညားဒလလမ်းမပေါ်မှာရှိတဲ့ အစ္စလာမ်သုသာန်မှာ အာဇာနည်ခေါင်းဆောင် ဝန်ကြီးဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ အုတ်ဂူကို ဒီနေ့မနက်ပိုင်း မိသားစုဝင်တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေက အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းခြင်းနဲ့ ဂါရ၀ပြုခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီက ဦးဆောင်ပြီး ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပြီး လုံခြုံရေး တင်းကျပ်စွာချထားခဲ့ပါတယ်။