
လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာမွတ်ဆလင်များအပေါ် မြန်မာစစ်တပ်၏ ရက်ရက်စက်စက်ကျူးလွန်ခဲ့မှုသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း နိုင်ငံတကာက သတ်မှတ်ထားပြီ ဖြစ်ပါသည်။
ရိုဟင်ဂျာထောင်ပေါင်းများစွာ သေဆုံးပြီး ၇၄၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြကာ နှစ်နိုင်ငံနယ်စပ် ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် ကြပ်ကြပ်တည်းတည်း ခိုလှုံနေထိုင်ခဲ့ကြရပါသည်။
ငါးနှစ်ကြာခဲ့ပြီဖြစ်သော်လည်း နေရပ်ပြန်ခွင့်မရသေးသည့် ဤရိုဟင်ဂျာဒုက္ခသည်များအဖို့ ၎င်းတို့မူလနေထိုင်ခဲ့သည့် ရပ်ရွာအိုးအိမ်များကို အောက်မေ့သတိရနေကြဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားအခွင့်အရေး မရရှိဘဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရသော်လည်း တစ်ချိန်တစ်ခါက မိမိတို့ဒေသတွင် စားနပ်ရိက္ခာဖူလုံစွာဖြင့် စိုက်ပျိုးလုပ်ကိုင် နေထိုင်စားသောက်ပြီး ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း နေခဲ့ရသည့် ဘဝများကို အမှတ်ရနေကြဆဲ ဖြစ်ပါသည်။ အဆိုပါအမှတ်တရများကို သရုပ်ဖော်ပုံများ၊ တေးဂီတနောက်ခံများဖြင့် ဤစာမျက်နှာတွင် သတင်းပေးပို့တင်ပြထားပါသည်။