ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဘွဲ့ချီးမြှင့်သူ

Credit - Rebel Pepper/ RFA

အာဏာသိမ်းပြီးနောက် အရပ်သား ၁၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့အတွက် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေတဲ့ ကြားကပဲ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သတိုးသီရိသုဓမ္မနဲ့ သတိုးမဟာသရေစည်သူဆိုတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပြန်ပြီး ပေးအပ်ခဲ့ပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၈ ခုနှစ်မှာ နိုင်ငံရေးအကျပ်အတည်းကြောင့် စစ်တပ်ကိုယာယီ အာဏာလွှဲပေးခဲ့တဲ့ ဝန်ကြီးချုပ်ဦးနုနဲ့တကွ ခေတ်အဆက်ဆက်က အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ကြောင်း ကြေညာခဲ့တာပါ။

အလားတူပဲ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အကြောင်းပြုပြီး စစ်တပ်ကိုယာယီ အာဏာလွှဲပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဒု-သမ္မတဦးမြင့်ဆွေ၊ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ KNU အဖွဲ့က ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအပါအဝင် ပုဂ္ဂိုလ်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ပြီး သူ့ကိုယ်သူလည်း ဘွဲ့နှစ်ခု ပေးခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org