ထိပ်သီးဆွေးနွေးပွဲ မတက်လိုက်ရတဲ့ စစ်ခေါင်း‌ဆောင်

မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်သူ မပါတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း- အာဆီယံ ထိပ်သီး အစည်းအဝေးကို ၂၀၂၁ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်လိုက်ပါပြီ။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတက်လိုက်ရတဲ့ စစ်ကောင်စီခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ပုံကို RFA ကာတွန်းဆရာ Rebel Pepper က ရေးဆွဲပေးထားပါတယ်။

Cartoon by Rebel Pepper

မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်သူ မပါတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း- အာဆီယံ ထိပ်သီး အစည်းအဝေးကို ၂၀၂၁ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်လိုက်ပါပြီ။

မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကူညီဖြေရှင်းမယ့် အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ်မှာ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ခွင့်မပေးတဲ့အတွက် အာဏာသိမ်း စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့် မပေးဖို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြုလုပ်တဲ့ အာဆီယံ အထူးအစည်းအဝေးက ဆုံးဖြတ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကိုးလအတွင်း လူပေါင်း ၁၂၀၀ နီးပါး သတ်ဖြတ်ခံခဲ့ရ၊ ၇၀၀၀ ကျော် ဖမ်းဆီး အကျဉ်းချခံခဲ့ရပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့က ဖမ်းဆီးထားသူ ငါးထောင်‌‌ကျော်ကို ပြန်လွှတ်ပေးခဲ့ရာမှာ သတင်းထောက်တချို့ ပါဝင်ခဲ့ပေမယ့် သတင်းထောက် ၃၄ ဦးကို ဆက်ပြီး ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတက်လိုက်ရတဲ့ စစ်ကောင်စီခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ သရုပ်ဖော်ပုံကို RFA ကာတွန်းဆရာ Rebel Pepper က ရေးဆွဲပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org