အမေရိကန်ရောက် မြန်မာတွေ ရွေးကောက်ပွဲ သပိတ်မှောက်
စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု မြို့ကြီးတွေမှာ မြန်မာတွေက သပိတ်မှောက်ဆန့်ကျင်နေကြပါတယ်။
-
2010-10-31 -
-
-
နိုဝင်ဘာ (၇) ၇က်မှာကျင်းပမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ပြည်ပရောက် မြန်မာတွေက သပိတ်မှောက်ဆန့်ကျင်ကြောင်း နိုင်ငံတကာသိရှိဖို့ အမေရိကန်ပြည်ထောင်စု မြို့ကြီးတွေမှာ အောက်တိုဘာလ ၂၉ ရက်နေ့သောကြာနေ့ကစပြီး ဆန္ဒပြနေကြပါတယ်။ အောက်တိုဘာလ ၃၀ရက် နေ့က ကျင်းပတဲ့ ဝါရှင်တန်ဒီစီမြို့ မြန်မာသံရုံးရှေ့က ဆန္ဒပြပွဲကို နယူးရောက်၊ အင်ဒီယားနား၊ မြောက်ကယ်ရိုလိုင်းနား၊ မေရီလန်းစတဲ့ ပြည်နယ်တွေက မြန်မာတွေ လာရောက်ပူးပေါင်းကြပါတယ်။