တပ်ခေါင်းဆောင်တွေကို အရေးယူတာကြောင့် နိုင်ငံတကာဆက်ဆံရေး အပြောင်းအလဲရှိနိုင်မလား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ၂၀၁၉ ဇူလိုင် ၁၉ နေ့မှာတွေ့ရစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ၂၀၁၉ ဇူလိုင် ၁၉ နေ့မှာတွေ့ရစဉ် (Photo: RFA)

0:00 / 0:00

မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမူရင်ဆိုင်နေရချိန်မှာ အမေရိကန်နိုင်ငံက မြန်မာစစ်ဘက်ထိပ်တန်း ခေါင်းဆောင် လေးဦးကို အရေးယူလိုက်ပါတယ်။ အလားတူဥရောပနိုင်ငံတွေကပါ အရေးယူဖို့ တိုက်တွန်းတာတွေ လည်းရှိနေပါတယ်။ ခုလိုအမေရိကန်ရဲ့ အရေးယူမှုကြောင့် အမေရိကန် မြန်မာဆက်ဆံရေး အပြောင်းအလဲရှိသွား နိုင်မလားဆိုတဲ့ တွက်ဆချက်တွေရှိသလို မြန်မာတရုတ်ဆက်ဆံရေးမှာပါ အပြောင်းအလဲရှိမှာလားဆိုတဲ့ တွက်ဆ မှုတွေရှိပါတယ်၊ ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။