သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-25
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိပြီး ပြည်နယ်အစိုးရ အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
2016-06-24
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ ၂၃ ရက်ညနေက ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မဟာချိုင်မြို့က တလေထိုင်းခန်းမမှာ တွေ့ဆုံခဲ့ပြီး အလုပ်သမားတွေရဲ့ မေးမြန်းချက်တွေကို လည်း ဖြေကြားခဲ့ပါတယ်။
2016-06-24
ရခိုင်ပြည်နယ်ကို မနေ့ကရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ စစ်တွေမြို့က လူ့အဖွ့ဲအစည်းနှစ်ဘက်က လူကြီးတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
2016-06-17
ရန်ကုန်တိုင်းဒေသကြီးအတွင်းက အများပြည်သူပိုင် အဆောက်အအုံတွေ၊ ပန်းခြံ၊ အားကစားကွင်းနဲ့ မီးတားမြေ စတဲ့နေရာတွေ ကို ပြန်လည်ဖော်ဆောင်ပေးဖို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အဆိုတင်သွင်းခဲ့ပြီး အဲ့ဒီ အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး က ထောက်ခံဆွေးနွေးခဲ့ပြီး နောက်တစ်ခါ မဲခွဲရာမှာ တပ်မတော်သား ကိုယ်စားလှယ်တချို့က ပါ ထောက်ခံကြပါတယ်။
2016-06-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မန်ပန်ကျေးရွာက တောင်သူတွေရဲ့ လယ်မြေဧက နှစ်ထောင်လောက်ကို မြောက်ပိုင်းတော်ဝင် ကျောက်စိမ်းကုမ္ပဏီက တစ်ဧက ရှစ်သောင်းနှုန်းနဲ့ ဝယ်ယူခဲ့ပြီး တရုတ်ကုမ္ပဏီတစ်ခုကို နှစ်သုံးဆယ်စာချုပ်နဲ့ အငှားချလုပ်ခိုင်းလို့ တောင်သူတွေနဲ့ ပိုင်ဆိုင်မှုအငြင်း ပွားနေပါတယ်။
2016-06-15
အိန္ဒိယနိုင်ငံမှာ ကျင့်သုံးနေတဲ့ အစ္စလမ်ဘာသာဝင်တွေရဲ့ လင်မယား ကွာရှင်းပုံအကြောင်း မခက်မာက AFP သတင်းတပုဒ်ကို ကိုးကား တင်ပြထားပါတယ်။
2016-06-15
မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ EU ဥရောပသမဂ္ဂအဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်ကို စာတွေ့လက်တွေ့သင်ကြားလာတာ အခုဆိုရင် ၂ နှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။
2016-06-14
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ရက် ၁၀၀ စီမံချက်မှာ တစ်နိုင်ငံလုံး က ရွှေ့ပြောင်းနေထိုင်ကြသူတွေကို အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးဖို့ ပါဝင်ပါတယ်။
2016-06-14
ပဲခူးတိုင်းအတွင်းက ကျောင်းဆရာ၊ ဆရာမတွေကို ပြင်ပကျူရှင်သင်တာတွေမလုပ်ဖို့ ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးက စာထုတ်ပြန်ထားပါတယ်။
2016-06-13
၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီတွေရဲ့ အစည်းအဝေးကို ရန်ကုန် မြို့ ရွှေလီလမ်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်းရေးစင်တာ NRPC မှာ ၄ ရက်ကြာ ကျင်းပခဲ့ပါတယ်။
2016-06-13
ဇွန်လ ၈ ရက်နေ့ကစပြီး တိုင်းနဲ့ ပြည်နယ်တချို့မှာ ရက်ဆက်မိုးကြီးခဲ့တဲ့အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။
2016-06-12
အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ချက်ပေါ်ပေါက်လာရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိခဲ့တာ ရှိနေတာကို အသိအမှတ်ပြုပြီး အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့တွေက တောင်းဆို မှုတွေ ရှိနေပါတယ်။
2016-06-11
၂ဝ၁၆ ခုနှစ် မတ်လမှာ ဖြေဆိုခဲ့တဲ့ တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင်စာရင်းတွေ ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။ တစ်နိုင်ငံလုံးမှာ အောင်မြင်သူ ၂၉ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
2016-06-09
ကချင်ပြည်နယ်မှာ ကေအိုင်အေ နဲ့ အစိုးရတပ် မတော်တို့ တကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း ဒေသခံပြည်သူတွေ ထိခိုက်ခံစားနေရ တာတွေ ရင်ဖွင့်ပြောကြားတဲ့ အခမ်းအနား ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်း မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-06-09
KNU/KNLA (PC) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီက ဝယ်ယူထားခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနပိုင်မြေဆိုပြီး ဘူဒိုဇာတွေနဲ့ မနှစ်ကဖျက်ဆီး ဖယ်ရှားခံလိုက်ခဲ့ရတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် ရတနာအောင်ကျေးရွာသစ်မြေကွက်တွေကို အဖွဲ့အစည်းအမည်တွေ အသုံးပြုပြီး အကွက်ရိုက်ရောင်းချနေရှိတယ်လို့ သိရပါတယ်။