သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-27
ကချင်ပြည်နယ် ဆဒုံးမြို့နယ်ဟာ ဘိန်းစိုက်ပျိုးမှု များနေပြီး၊ ရွာတွေမှာ ပြီးခဲ့တဲ့လ ပြည်သူ့စစ်အဖြစ် စုဆောင်းနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဲ့ဒီဒေသကို မြန်မာ့တပ်မတော်၊ နယ်ခြားစောင့် တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့က အုပ်ချုပ်နေတာဖြစ် ပါတယ်။
2016-07-26
ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ခန္တီး၊ မူဆယ်နဲ့ မြစ်ကြီးနားမြို့နယ်တွေ မှာ နေအိမ်အလုံးရေ ထောင်နဲ့ချီ ရေဖုံးလွှမ်းနေတဲ့အတွက် ကုန်းမြင့်တဲ့နေရာတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပါတယ်။
2016-07-23
ရခိုင်ပြည်နယ်အစိုးရက ရက် ၁၀၀ စီမံချက် ဆောင်ရွက်ချက်တွေကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေကို ဒီနေ့ ရှင်းလင်းခဲ့ပါတယ်။
2016-07-23
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ လက်အောက်မှာ အများပိုင် ကုမ္ပဏီတွေအဖြစ် တဆင့်ချင်း ဖွဲ့စည်းဆောင်ရွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။
2016-07-22
ပဲခူးရိုးမက မထိန်းချုပ်နိုင်သေးတဲ့ သစ်မှောင်ခို လုပ်ငန်းနဲ့ သတင်းထောက်တွေရဲ့ အန္တရာယ် အကြောင်း တစေ့တစောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2016-07-21
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ထွန်းကားဖို့လိုပြီး ဒီကဏ္ဍအတွက် ဘဏ်လုပ်ငန်းက ပံ့ပိုးတဲ့အခါ သတိပြုသင့်တဲ့အချက်တွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2016-07-21
မြန်မာနိုင်ငံမှာ ဘာသာအလိုက် ကိုးကွယ်သူ အရေအတွက် ဘယ်လောက် ရှိသလဲ ဆိုတာကို ၂၀၁၄ ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-07-21
နေပြည်တော် အားကစားရွာမှာကျင်းပတဲ့ အခြေခံပညာအဆင့် ပညာရေးမြှင့်တင်ပွဲအခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2016-07-21
ရန်ကုန်မြို့ ဇေယျာသိရီဗိမာန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2016-07-21
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့ ၈၈ မျိုးဆက်ငြိမ်ချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ နိုင်ငံတော်အဆင့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းပြတိုက် တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ယာယီပြတိုက်မှာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။
2016-07-21
စစ်တပ်က ကျူးလွန်တဲ့အမှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာမနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ခံပြောဆိုခဲ့ပေမယ့် ဒီအမှုတွေကို စစ်ဆေးအရေးယူတဲ့အခါ အများသိအောင် ပွင့်လင်းမြင်သာဖို့တွေ ရှိဖို့လိုအပ်တယ်ဆိုတဲ့ ထောက်ပြချက်တွေ ရှိနေပါတယ်။
2016-07-20
၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ နိုင်ငံတော် အဆင့် အခမ်းအနားကျင်းပခဲ့သလို နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက မြို့ကြီးတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။
2016-07-20
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိ နတ်မောက်မြို့မှာ ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်ငယ်စဉ်က နေထိုင်ခဲ့တဲ့ နေအိမ်ပြတိုက်ကို အများပြည်သူကြည့်ရှုနိုင်အောင် ဖွင့်လှစ်ခဲ့ပါတယ်။
2016-07-20
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေမှာ လူမျိုးရေး၊ ဘာသာရေးစိတ်မထားဘဲ နိုင်ငံချစ်စိတ်နဲ့ တိုင်းပြည်အတွက်ဆောင်ရွက်ခဲ့ပုံနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တိုင်းသားပေါင်းစုံ ပါဝင်ခဲ့ပုံအကြောင်း တစ်သက်တာ အမျိုးသားစာပေဆုရှင် ကဗျာဆရာကြီး ကိုလေး (အင်းဝ) ဂုဏ်ရည်နဲ့ စာရေးဆရာ ဆရာထွန်းဇော်ဌေး တို့ရဲ့ ရှုမြင်ချက်တွေကို RFA ဝိုင်းတေ်ာသား ကိုနေရိန်ကျော် က စုစည်းတင်ပြထားပါတယ်။
2016-07-19
ဒီကနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို နိုင်ငံတဝှမ်း ခမ်းခမ်းနားနား ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း မသင်းသီရိ စုစည်းတင်ပြထားပါတယ်။