သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-11
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ထဲက အိမ်ခြေသုံးရာကျော်ရှိတဲ့ ဆယ်လံကျေးရွာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီမြစ်ရေကြီးခဲ့တဲ့ အတွက် မြစ်တဖက်ကမ်းမှာရှိတဲ့ ညောင်ဦးမြို့ နယ် တောင်ဘီကျေးရွာအုပ်စုဘက်ကို ရွာလုံး ကျွတ်ပြောင်းရွှေ့ခဲ့ကြရပါတယ်။
2016-08-11
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာက ရွာသား ၅ ဦးသတ်ခံရမှု အတွက် အပြစ်ကျူးလွန်သူတွေလို့ယူဆရသူတွေကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အတွင်းမှာ စစ်ဆေးနေပါတယ်။
2016-08-11
လွှတ်တော်မှာ ကိုယ်စားပြုနေတဲ့ တိုင်းရင်းသားပါတီ ၉ပါတီက ကိုယ်စားလှယ်တွေဟာ သြဂုတ်လ ၃၁ရက်နေ့မှာ စတင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။
2016-08-11
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်နဲ့ ကျေးတောကျေးရွာအုပ်စုတွေမှာ စစ်အစိုးရလက်ထက်က သိမ်းဆည်းခဲ့ပြီး စက်မှုဇုန် စီမံကိန်းအကောင်အထည် မဖော်ဖြစ်တဲ့ လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ဖို့ မူလပိုင်ရှင် တောင်သူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
2016-08-11
အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွက် နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ဘာသာရေးထိန်းချုပ်မှု တင်းကြပ်တဲ့ နိုင်ငံများစာရင်းမှာ ဆက်လက်ထားရှိဖို့ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးသစ်ဆင်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-08-10
ရခိုင်ပြည်နယ်မှာ တောင်သူလယ်သမားတွေအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ တွေကို အမြန်ဆုံး ချပေးဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်းအဆို ကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2016-08-10
အဂတိလိုက်စားမှုတွေ ကျဆင်းရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
2016-08-09
ဒီနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွေ ကို မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးအတော်များများမှာ ကျင်းပကြပါတယ်။
2016-08-09
ဒီနေ့ကျရောက်တဲ့ ၂၈ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ မုဒုံမြို့တို့မှာ ကျင်းပခဲ့ပါတယ်။
2016-08-07
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံး ဒီမိုကရေစီလူထုအုံကြွမှုကြီးဖြစ်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ဒီနေ့ဆို ၂၈ နှစ်ပြည့်မြောက်ခဲ့ပါပြီ။
2016-08-06
လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ဦးနေဝင်း ဦးဆောင်တဲ့ မ.ဆ.လ အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ပဲခူးမြို့က ကျောင်းသူ၊ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ၂၈ နှစ်ပြည့် အခမ်းအနားကို ပဲခူးမြို့ နာရီစင်အနီးက Green Social ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-08-05
ရခိုင်ကမ်းရိုးတန်းဒေသမှာ ငါး၊ ပုဇွန်တွေ ရှားပါး လာတဲ့အတွက် ကမ်းနီးကမ်းဝေး ငါးဖမ်း သင်္ဘောတွေကို စည်းကမ်းချက်တွေနဲ့ အညီ စိစစ်ပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော် ကနေ အတည်ပြုလိုက်ပါတယ်။
2016-08-05
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး ညီလာခံနဲ့ ကော်မတီဝင်သစ် ရွေးချယ်ပွဲကို ရန်ကုန်မြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးရုံးချုပ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးကနေ တိုင်းအဆင့်ကော်မတီဝင် ၁၅ ဦး၊ တိုင်းဒေသကြီး ဥက္ကဌ ၃ ဦးနဲ့ အတွင်းရေးမှူး ၃ ဦးတို့ကို ပဏာမအဆင့် ရွေးချယ်ခဲ့ပါတယ်။
2016-08-05
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးရုံးမှာ ကျင်းပပြီး လက်ရှိရင်ဆိုင်နေရတဲ့ ရေဘေးကယ်ဆယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
2016-08-05
ပြည်ထောင်စုအစိုးရအနေနဲ့ နိုင်ငံအနှံ့ကရေကြီးနိုင် တဲ့ နေရာတွေအားလုံးကို ကြိုတင်ကာကွယ်ရေး အစီအမံတွေလုပ်ဆောင်ထားဖို့ ဒီကနေ့ ကျင်းပ တဲ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော် ကိုယ်စား လှယ်တွေက တိုက်တွန်းဆွေးနွေးကြပါတယ်။