ကုလစုံစမ်းရေးကော်မရှင်သစ် မြန်မာအစိုးရ လက်ခံရတော့မှာလား
ရိုဟင်ဂျာမွတ်စလင်တွေ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံရတယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးအစီရင်ခံဖို့ ကော်မရှင်အဖွဲ့တဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဒီနေ့ မေလ ၃၀ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။
-
2017-05-30 -
-
-
Your browser doesn’t support HTML5 audio
ရိုဟင်ဂျာမွတ်စလင်တွေ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံရတယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးအစီရင်ခံဖို့ ကော်မရှင်အဖွဲ့တဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဒီနေ့ မေလ ၃၀ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။
ဒီပြဿနာဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နက်ထဲမှာဖြစ်တဲ့အတွက် ကုလသဂမဂ္ဂအနေနဲ့ အခုလိုပါဝင်လာတာကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ANP ရခိုင်အမျိုးသားပါတီ အစရှိတဲ့ နိုင်ငံရေးပါတီတွေက လက်မခံကြသလို၊ လူ့အခွင့်အရေးလှုပ်ရှားသူတချို့ကလည်း မောင်တောဒေသ မှာ ဖြစ်ပျက်ခဲ့တာတွေဟာ အချုပ်အခြာအာဏာကိစ္စလို့ ထောက်ပြပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်ဆိုင်ရ ာအကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဟာဂျီဦးအေးလွင် ကတော့ ဘက်မလိုက်ဘဲ မှန်ကန်တဲ့ စုံစမ်းစစ်ဆေးရေးလိုအပ်တယ်လို့ ကော်မရှင်အနေနဲ့ အစီရင်ခံထားကြောင်း ပြောပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။