တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးမှုကို ယုံကြည်သူနည်းပါး
ခင်မောင်စိုး
2020.05.22
2020.05.22
ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ အရပ်သားတွေကို စစ်ရေယာဉ်ပေါ်မှာ မြန်မာတပ်မတော်သားတွေက ရိုက်နှက်ညှဥ်းပန်းခဲ့မှုအပေါ် တိတိကျကျ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
ဒီလိုပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့အရေးဆောင်ရွက်နေသူတချို့ရဲ့ ဝေဖန်သုံးသပ်ချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။