လွိုင်လင်ဒေသခံတွေအသတ်ခံရမှုနဲ့ တောင်ကြီးမြို့ဆန္ဒပြပွဲ
ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ရွာသားငါးဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကြီးမြို့မှာ ဒီကနေ့ လူသုံးထောင်လောက် ဆန္ဒပြခဲ့ကြပါတယ်။
-
2018-12-21 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် နမ့်ဟူးရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ RCSS /SSA အဖွဲ့က ကျူးလွန်တဲ့သူတွေကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တောင်ကြီးမြို့မှာ ဆန္ဒပြခဲ့ကြစဉ်
Photo: Khun Yar Zar
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ရွာသားငါးဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကြီးမြို့မှာ ဒီကနေ့ လူသုံးထောင်လောက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုကို ရှုတ်ချတယ်လို့ ပြောဆိုနေကြပေမယ့် ဒီလှုပ်ရှားမှုဟာ ရှမ်းလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လို့ ပအို့ဝ်အမျိုးသားတွေ သေဆုံးရတယ်ဆိုတဲ့ လူမျိုးရေးပဋိပက္ခအသွင် ဆောင်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။