ရခိုင်ပြည်နယ်က သဘာဝ သယံဇာတ အကျိုးခံစားခွင့် အလုပ်ရုံဆွေးနွေးပွဲ

ရခိုင်ပြည်နယ်အတွင်းက ထုတ်ယူသုံးစွဲနေတဲ့ သဘာဝသယံဇာတတွေကို ဒေသခံတွေ အကျိုးခံစား ခွင့်ရရှိနိုင်ရေး လှုပ်ရှားမှုတွေပြုလုပ်သွားဖို့ ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စစ်တွေမြို့မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ထုတ်ယူသုံးစွဲနေတဲ့ သဘာဝသယံဇာတတွေကို ဒေသခံတွေ အကျိုးခံစားခွင့်ရရှိနိုင်ရေး လှုပ်ရှားမှုတွေပြုလုပ်သွားဖို့ ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စစ်တွေမြို့မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဝေသာလီမိုးကုတ်ကျောင်းတိုက်မှာ ကျင်းပပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည် နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်က အရပ်ဘက်လူမှှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ် ၁၇ဝ လောက်တက်ရောက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရွှေ၊ ဂတ်(စ်) အစရှိတဲ့ ကြွယ်ဝတဲ့ သယံဇာတလုပ်ငန်းတွေရှိပေမယ့် အကျိုးခံစားခွင့် တစုံတရာ မရှိပဲ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်အဖြစ်ကို ရောက်ရှိနေတာကြောင့် အဲ့ဒီစီမံကိန်းတွေက ဒေသခံတွေရဲ့ အကျိုးခံစားခွင့်ရရှိရေးအတွက် ထိရောက်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ဒီအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်တာလို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲက သဘာဝဓါတ်ငွေ့တွေကို တရုတ်နိုင်ငံကို တင်ပို့ထုတ်လုပ်နေတာ အချိန် ၁ နှစ်လောက်အထိ ကြာမြင့်ခဲ့ပေမယ့် အဲ့ဒီစီမံကိန်းရဲ့အကျိုးအမြတ်နဲ့ ဒေသခံတွေရဲ့ရပိုင်ခွင့် အဲ့ဒါတွေကို အစိုးရကဒီနေ့ဒီအချိန်အထိ ပွင့်လင်းမြင်သာစွာ ချပြပြောဆိုတာမျိုး မရှိသေးဘူးလို့ ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ ရခိုင်လူမှှုကွန်ရက် (ကျောက်ဖြု)က ဦးထွန်းလွင်က ပြောပါတယ်။

ဦးထွန်းလွင်။             ။ အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ အများဆုံး ထုတ်လုပ်နေတာကတော့ ရွှေ၊ သဘာဝဓါတ်ငွေ့ပေါ့ဗျာ၊ ဒီဟာကြီးကို ထုတ်လုပ်ပြီးပို့နေတဲ့ဟာ ၁ နှစ်ကျော်သွားပါပြီ၊ ဒီဟာနဲ့ပတ်သက်လို့ ၁ နေ့ ကိုဘယ်လောက်ပို့နေတယ်၊ ၁ နှစ်ကိုဘယ်လောက်ပို့မယ်၊ ပိုက်ဆံက ဘယ်လောက်ရတယ်၊ ဘယ်လိုဈေးနှှုန်းတွေ နဲ့ ရောင်းနေတယ်ဆိုတာကို ကျနော်တို့ ဒေသခံအနေနဲ့ရော၊ တခြားအဖွဲ့အစည်းတွေနဲ့ရော၊ ကျနော်တို့ နောက်ဆုံး မှာဗျာ ကျနော်တို့တွေ ပါတီတွေကတောင်မှ ဘာမှမသိပါဘူး၊ ဒါကြောင့် ကျနော်တို့ပြောချင်တာက ပွင့်လင်းမှှု ဘာမှမရှိဘူးဗျ ဒီဟာနဲ့ပတ်သက်လို့လေ။

ရခိုင်ပြည်နယ်အတွင်းက ထုတ်ယူနေတဲ့ သဘာဝသယံဇာတတွေနဲ့ပတ်သက်ပြီး အကျိုးခံစားခွင့် ရဖို့အတွက် ဒေသ ခံတွေရဲ့သဘောထားကိုအကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့တာခဲ့တာတွေရှိပေမယ့် အစိုးရက ဒီနေ့ဒီအချိန်အထိ ထင်သာမြင်သာစွာ ချပြပြောဆိုတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် အခုနောက်ဆုံး ဗီယက်နမ်နိုင်ငံ ကုမ္မတီတစ်ခုကို အမေရိကန်ဒေါ်လာ ၁၈ သန်းနဲ့ ထုတ်လုပ်ခွင့်ပြုထား တဲ့ တောင်ဂုတ်မြို့နယ်က နေပူတောင်မှာပဲ ကျောက်ထုတ်လုပ်ရေးစီမံကိန်းဟာ  ရခိုင်ပြည်သူတွေရဲ့ အကျိုးခံစား ခွင့် ဘယ်လောက်ရှိမယ်ဆိုတာကို မသိရသေးဘူးလို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တောင်ဂုတ်မြို့ခံ ဦးစိုးဝင်း က ပြောပါတယ်။

ဦးစိုးဝင်း။        ။အခုထုတ်လုပ်နေပြီဆိုတဲ့အခါကျတော့ ဒါကတော့ ကျနော်တို့ ဒေသခံတွေကို အသိအမှတ်မပြုသ လို ရသလို ကျနော်တို့ ဒေသခံတွေကို လူရာမသွင်းတဲ့ သဘောမျိုးတွေ သက်ရောက်နေတယ်ပေ့ါဗျာ၊ သက်ရောက်နေတဲ့အခါ ဒေသခံတွေရဲ့ မကျေနပ်မှှုကတဖြေးဖြေး မြင့်တက်လာတဲ့ အနေအထားမျိုးတွေရှိပါတယ် ၊ ဒေသခံတွေက ပြန်လည်ပြီးတော့ ဘယ်လိုအနေအထားမျိုး ပြန်လည်ပြီးတော့ ထုတ်လုပ်မှှုကိုရပ်တန့်အောင် လုပ်မလဲဆိုတာကတော့ ကျနော်တို့ လောလောဆယ် အနေအထားကတော့ မပြောနိုင်သေးပေမဲ့ ရှေ့ဆက် ပြီးတော့ ဒီကိစ္စက လက်ပံတောင်းတောင်လိုများ တက်လာမလားဆိုပြီး ကျနော်တို့က စိုးရိမ်မှှုတွေရှိပါတယ်။

နေပူတောင်မှာပဲ ကျောက်ထုတ်လုပ်ရေး စီမံချက်နဲ့ပတ်သက်ပြီး Eia Sia လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ အကျိုးသက်ရောက်မှှုတွေအတွက် ဘာတွေပြင်ဆင်ထားသလဲဆိုတာကို ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိတဲ့သူတွေကို မေးမြန်းခဲ့ပေမဲ့ ဒီအပေါ်မှာ ပြန်လည်ရှင်းလင်းပြောဆိုခဲ့တာ မရှိဘူးလို့ လည်း တောင်ဂုတ်မြို့ခံတွေက ပြောပါတယ်။

ရခိုင်ဒေသခံပြည်သူတွေဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ ဆိုးမွေတွေကို ခံစားလာရကြပေမယ့် ဘင်္ဂလား ပင်လယ်အော်ရဲ့ ကောင်းမွေတွေကို အစိုးရက ခံစားခွင့်မပြုတာဟာ တရားမျှတမှှုမရှိဘူးလို့ ဒီဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ ပြည့်သူ့သယံဇာတအဖွဲ့က စီမံကိန်းတာဝန်ခံ ဦးမျိုးထွန်းက ပြောပါတယ်။

ဦးမျိုးထွန်း။               ။ရခိုင်ပြည်ဟာ ဘင်္ဂလားပင်လယ်အော်ကရတဲ့ ဒုက္ခတွေပဲ ခံစားနေရတယ်ပေါ့နော်၊ အခုဘင်္ဂလားပင်လယ်အော်ကထွက်တဲ့ သုခတွေကျတော့ ခံစားခွင့်မရှိဘူးပေါ့၊ ဒါက တရားမျှတမှှုမရှိဘူးလို့ ကျနော် ပြောချင်ပါတယ်။

အဲ့ဒီကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ ဒါတွေကို အမြန်ဆုံး လုပ်ပေးစေချင်ပါတယ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်တာ ကျင်းပပြုလုပ်တဲ့ဆွေးနွေးပွဲမှာ မိမိတို့ဒေသကထွက်ရှိတဲ့ သယံဇာတတွေကို မိမိတို့ပြည်နယ်ဒေသက စီမံခန့်ခွဲနိုင်အောင် အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးနဲ့ လိုအပ်တဲ့ဥပဒေတွေ အတည်ပြ ဌါန်းနိုင်ပေးနိုင်ရေး စတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေး ဆုံးဖြတ်ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဗဟိုချုပ်ကိုင်မှှု ကင်းမဲ့တဲ့ပြည်နယ်တွေနဲ့ တွင်းထွက်သယံဇာတ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှှု၊ သဘာဝယံဇာတ ရင်းနှီးမြုတ်နှံမှှု၊ ပဋိပက္ခနဲ့ ပွင့်လင်းမြင်သာမှှု စတာတွေကို ရှင်းလင်းဆွေးနွေး ခဲ့ကြပါတယ်၊ ဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ရခိုင်ဒေသက သဘာဝသယံဇာတတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ အကျိးခံစားခွင့်တွေအတွက် တောင်းဆိုသွားမဲ့ လုပ်ငန်းအဆင့်ဆင့်ကိုလည်း အတည်ပြုဆုံးဖြတ်သွားမှာ ဖြစ် တယ်လို့လည်း သိရှိရပါတယ်ခင်ဗျား။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org