အင်တာနက်ဖြတ်ထားတဲ့ နေရာတွေမှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေတကယ်ရှိနေသလား

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မြို့နယ် ရှစ်ခုမှာ အင်တာနက် ဖြတ်တောက်လိုက်တာဟာ အစိုးရတပ်တွေအနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောပါတယ်။

အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မြို့နယ် ရှစ်ခုမှာ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေထဲက အင်တာနက်ကို အစိုးရကဇွန်လ ၂၁ ရက်နေ့ကစပြီး  ဖြတ်တောက် လိုက်ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ အစိုးရတပ်များအနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောပါတယ်။

ဒါပေမဲ့ ဒီပြောဆိုချက်ကို အစိုးရတပ်မတော်ကတော့ ငြင်းဆိုပေမယ့် ရခိုင့်တပ်တော် AA ဘက်ကတော့ တပ်မတော်ဟာ အရပ်သားတွေကို ရှင်းလင်းရေး လုပ်ငန်းတွေပါ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

(RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စုစည်းတင်ပြသည်)

RFA logo
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org