ဂူတာပြင်သတ်ဖြတ်မှု တကယ်အရေးယူတော့မလား

ဂူတာပြင်ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အရေးယူဖို့ စတင်ဆောင်ရွက်နေပြီလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဘူးသီးတောင်မြို့နယ်အတွင်းက မွတ်စလင်တွေကတော့ ပွင့်လင်းမြင်သာမှု ရှိပါ့မလားလို့ သံသယ ဝင်နေကြပါတယ်။

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးမှာ ရုပ်အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ၂ဝ၁၈၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးစဉ်။ Photo: MOI

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ဂူတာပြင်ရွာမှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအတွက် အရေးယူဖို့ စတင်ဆောင်ရွက်နေပြီလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်တဲ့ မွတ်စလင်တွေက ပွင့်လင်းမြင်သာမှုရှိပါ့မလားလို့ သံသယဝင်နေကြပါတယ်။ မြန်မာအာဏာပိုင်တွေဟာ မြန်မာတွေအတွက်ပဲ ဆောင်ရွက်ပေးတာမျိုးရှိပြီး တခြားလူမျိုးတွေ တိုင်းရင်းသားတွေအတွက်ဆို ဘာမှလုပ်ပေးမှာ မဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org