ရခိုင်ပြည်နယ်က ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ကြောင်း ဒီနေ့မေလ ၈ ရက်မနက်က တိုက်ခိုက်ခံရသလို၊ ကျောက်တော်မြို့နယ်မှာ မြန်မာ့တပ်မတော်ကို AA အဖွဲ့က မနေ့ကကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖက်အဖွဲ့အစည်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာမှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦးကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ကြောင်း ဒီနေ့မေလ ၈ ရက်မနက်က တိုက်ခိုက်ခံရသလို၊ ကျောက်တော်မြို့နယ်မှာ မြန်မာ့တပ်မတော်ကို AA အဖွဲ့က မနေ့ကကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖက်အဖွဲ့အစည်းက ပြောပါတယ်။

အခုမေလ ပထမပတ်အတွင်း တိုက်ပွဲတွေ တော်တော်များများဖြစ်နေပြီး နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရတာ၊ ကျဆုံးတာရှိတယ်လို့ AA အဖွဲ့ကပြောပေမယ့် ကျဆုံးမှုရှိတယ်ဆိုတာကိုတော့ မြန်မာ့တပ်မတော်က ငြင်းဆိုပါတယ်။

RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org