အပြစ်မရှိသူတွေကို လွှတ်ပေးဖို့ တပ်မတော်ကို ဆရာတော် ခုနှစ်ပါး မေတ္တာရပ်ခံ

AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ကျောက်တန်းရွာသားတွေထဲက အပြစ်မရှိသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ စစ်တွေနဲ့ ရသေ့တောင်က ဆရာတော်ကြီး ခုနှစ်ပါးက တပ်မတော်တာဝန်ရှိသူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

စစ်တွေမြို့မှာ ၂ဝ၁၉ မေလ ၆ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်အရေးဆွေးနွေးပွဲက သံဃာတော်တချို့။

AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ရွာသားတွေထဲက အပြစ်မရှိတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ဗျူဟာမှူးအပါအဝင် တပ်မတော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စစ်တွေနဲ့ ရသေ့တောင်က ဆရာတော်ကြီး ခုနှစ်ပါးက မေတ္တာရပ်ခံခဲ့ပါတယ်။

RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org