အရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးတဲ့အပေါ် ပြစ်တင်ရှုတ်ချ

ရခိုင်ပြည်နယ် ရသေ့တောင် ကျောက်တန်းရွာနဲ့ မြောက်ဦးမြို့နယ် လက္ကာရွာက အရပ်သားတချို့ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးခံရစဉ်မှာ ပစ်ခတ်ခံရပြီး သေဆုံးရတဲ့အပေါ် ပြည်တွင်းပြည်ပ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူတွေကို စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၂ ရက်နေ့က ပို့ဆောင်စဉ်။ Photo: Aung Kyaw Htwee

ရခိုင်ပြည်နယ် ရသေ့တောင် ကျောက်တန်းရွာနဲ့ မြောက်ဦးမြို့နယ် လက္ကာရွာက အရပ်သားတချို့ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးခံရစဉ်မှာ ပစ်ခတ်ခံရပြီး သေဆုံးရတဲ့အပေါ် ပြည်တွင်းပြည်ပ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။

ဒီလိုဖြစ်ရပ်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ လေ့လာစုံစမ်းနိုင်အောင် ဒေသတွင်းဝင်ခွင့်ပြုဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကလည်း… သုံ့ပန်းတွေကို ဖမ်းထားတဲ့ကာလအတွင်း အခုလိုပြုမူတယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ပြောပါတယ်။

RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org