0:00 / 0:00
ချင်းတွင်းမြစ်ထဲက အောင်စိုးမိုးကျော် စက်လှေနစ်မြှုပ်မှုမှာ ပညာရေးဝန်ထမ်း ကျောင်းဆရာဆရာမ အယောက် ၃၀ ကျော် အပါအဝင် ပြည်သူတွေ ရာနဲ့ချီအသေအပျောက်ရှိခဲ့ပေမယ့် သမ္မတအပါအဝင် နိုင်ငံတော်အဆင့် အစိုးရအဖွဲ့တာဝန်ရှိသူတွေက အလေးထားဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြပါလိမ့်မယ်။