NCA လက်မှတ်မထိုးဖို့ ပန်ခမ်းညီလာခံ ဆုံးဖြတ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSP "ဝ" ပြည်သွေး စည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ခမ်းမှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးပွဲကို ၃ ရက်ကြာ ပြု လုပ်နေပြီး ဒီကနေ့ဟာ နောက်ဆုံးနေ့ဖြစ်ပါတယ်။
-
2017-02-25 -
-
-
Your browser doesn’t support HTML5 audio
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ခမ်းမှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးပွဲကို ၃ ရက်ကြာ ပြုလုပ်နေပြီး ဒီကနေ့ဟာ နောက်ဆုံးနေ့ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ တင်သွင်းကြတဲ့ စာတမ်းတွေဟာ NCA လမ်းကြောင်းကို လက်မခံဘဲ လမ်းကြောင်းအသစ် ရွေးကြဖို့ ပါရှိပါတယ်။ ပန်ခမ်းဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ အသံတွေဟာ အစိုးရက ဖော်ဆောင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ လမ်းကြောင်းကို ဘယ်လောက် အကျိုးသက်ရောက်မူရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။