UPWC နဲ့ NCCT ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ ဒုတိယနေ့အကြောင်း တင်ပြချက်

လာမယ့် ၂၀၁၅ ဖေဖဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အစိုးရနဲ့တိုင်းရင်းသားနက်လက်ကိုင် အဖွဲ့အစည်းတွေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ၂ ရက်ကြာကျင်းပခဲ့ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေရဲ့ ၂ ရက်ကြာဆွေးနွေးပွဲအတွင်းမှာ NCCT ဘက်ကတင်ပြလာတဲ့အချက် ၄ ချက်ကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအချက်တွေကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုုပ်ချုပ်ဆိုနိုင်ဖို့ ကျန်ရှိနေတဲ့အချက်တွေ၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးရင် နှစ်ဘက်စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့စည်းဖို့၊ လိုင်ဇာက KIA စစ်သင်တန်းကျောင်းကို အစိုးရတပ်မတော်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်မျိုးနောက်တစ်ကြိမ်မဖြစ်ပွားဖို့  အပြင် လာမယ့်ဆွေးနွေးပွဲတွေမှာ နိုင်ငံတကာက ပညာရှင်တွေလေ့လာသူအဖြစ်ပါဝင်ရေး စတဲ့ အချက်တွေဖြစ်ပါတယ်။

လာမယ့်နှစ် ဇန်နဝါရီလ လလယ် မှာ UPWC နဲ့ NCCT ခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံကြဖို့ နှစ်ဘက်ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတယ်လို့ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောခဲ့ပါတယ်။

ဦးအောင်မင်း

လာမယ့် ၂၀၁၅ ဖေဖဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အစိုးရနဲ့တိုင်းရင်းသားနက်လက်ကိုင် အဖွဲ့အစည်းတွေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် NCCT နဲ့ UPWC တို့ရဲ့နောက်တစ်ကြိမ်ဆွေးနွေးပွဲမတိုင်ခင် လိုင်ဇာမှာဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်က KIA လေ့ကျင့်ရေးဗိုလ်လောင်းသင်တန်းကျောင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ညို့နှိုင်းနေတယ်လို့ NCCTရဲ့ ဒုတိယ အဖွဲ့ ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်း ကပြောပါတယ်။

ဖဒိုစောကွယ်ထူးဝင်း

ဆွေးနွေးပွဲကနေရရှိလာတဲ့သဘောတူညီချက်တွေကို ၂ ဘက်ခေါင်းဆောင်တွေကို ပြန်တင်ပြသွားမှာဖြစ်ပြီး လာမယ့်ဆွေးနွေးပွဲတွေမှာ အတည်ပြုနိုင်ဖို့ ဆက်လက်ဆွေးနွေးသွားကြမှာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့တစ်လကျော်ကနေစပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ဖို့ ယခင်က ပိုပြီး အာရုံစူးစိုက်လာတယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

ဦးလှမောင်ရွေ

UPWC နဲ့ NCCT အဖွဲ့တွေရဲ့ ၂ ရက်ကြာလုပ်ငန်းဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒုတိယဗိုလ်မှူးကြီးသက်နိုင်ဝင်းနဲ့ NCCT ဘက်က ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ တက်ရောက်ခဲ့ပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org