စကားအပြောအဆိုမှားတဲ့ NLD မြို့နယ်အလုပ်အမှုဆောင်
မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင် ဦးမင်းထင်အောင်ဟန်ကို အစည်းအဝေးတစ်ခုမှာ စကားမှားခဲ့တာကြောင့် တာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။
- 2018-11-14
-
-
-
Your browser doesn’t support HTML5 audio
မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင် ဦးမင်းထင်အောင်ဟန်ကို အစည်းအဝေးတစ်ခုမှာ စကားမှားခဲ့တာကြောင့် တာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားပါတယ်။
~~~~~~~~~~
စကားအပြောအဆိုမှားတဲ့ NLD မြို့နယ်အလုပ်အမှုဆောင်
(ကျော်လွင်ဦး)
■ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီဝင် ဦးမင်းထင်အောင်ဟန်ကို အစည်းအဝေးတစ်ခုမှာ စကားမှားခဲ့တာကြောင့် တာဝန်ကနေရပ်ဆိုင်းလိုက်တယ်လို့ ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က RFA ကို ဒီနေ့ ပြောပါတယ်။
မြို့နယ်အစည်းအဝေးတစ်ခုမှာ စကားမှားတာသွားတာကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကစစ်ဆေးပြီး အခုလို အရေးယူလိုက်တာလို့ မွန်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ ဦးမင်းထင်အောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် မေးမြန်းလို့ မရခဲ့ပါဘူး။
ဦးမင်းထင်အောင်ဟန်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက မော်လမြိုင်ပြည်နယ်အမှတ် ၁ မဲဆန္ဒနယ်မြေမှာ ရွေးကောက်ခံရပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နဲ့စက်မှုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဒီနှစ် မေလက မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးနေရာကနေ နုတ်ထွက်ခဲ့သူလည်းဖြစ်ပါတယ်။
ဦးမင်းထင်အောင်ဟန်နဲ့ ပတ်သက်တဲ့တိုင်စာတွေကြောင့် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ကာ စစ်ဆေးခဲ့တာဖြစ်ပြီး ကော်မတီအစီရင်ခံစာအရ သူ့ကို ပါတီတာဝန်ကနေရပ်နားတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန်က RFA ကိုပြောပါတယ်။
"သူနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တိုင်စာရှိတယ်လေ တိုင်စာကိုစစ်ဆေးတဲ့အဖွဲ့က စစ်ဆေးပြီးတော့ သူ့ကိုပါတီစည်းကမ်းအရအရေးယူဖို့ တိုင်စာစစ်ဆေးတဲ့အဖွဲ့က တင်ပြလာတယ်၊ သူ့ကိုပါတီကနေ အရေးယူလိုက်တယ်"
ဦးမင်းထင်အောင်ဟန်ဟာ မော်လမြိုင်မြို့နယ် NLDမှာ မြို့နယ်အလုပ်အမှုဆောင်တစ်ဦးဖြစ်သလို ဘဏ္ဍာရေးမှူး တာဝန်ထမ်းဆောင်သူလည်းဖြစ်ပါတယ်။
ပါတီမြို့နယ်အစည်းအဝေးတစ်ခုမှာ စကားမှားတာသွားတာကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကစစ်ဆေးပြီး အခုလို အရေးယူလိုက်တာလို့ မွန်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောပါတယ်။
ဦးမင်းထင်အောင်ဟန်ကို ပါတီလုပ်ငန်းတွေကနေ ရပ်နားလိုက်တာဖြစ်ပြီး လွှတ်တော်အမတ်နဲ့ ပါတီဝင်အဖြစ် ကတော့ ဆက်ရှိနေမယ်လို့လည်း ဒေါက်တာခင်ဆောင်က ပြောပါတယ်။
" သူ့ကို မြို့နယ်အလုပ်အမှုဆောင်ကနေ ရပ်ဆိုင်းလိုက်တာပါ အခြားပါတီဝင်အဖြစ်ကနေလည်း ရှိနေသေးတယ် ကိုယ်စားလှယ်အဖြစ်ကနေလည်း ရှိနေပါသေးတယ်"
ဦးမင်းထင်အောင်ဟန်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက မော်လမြိုင်ပြည်နယ်အမှတ် ၁ မဲဆန္ဒနယ်မြေမှာ ရွေးကောက်ခံရပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နဲ့စက်မှုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ဦးမင်းထင်အောင်ဟန်ဟာ လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင်က ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ အခြားကုမ္ပဏီတွေ မှာ ရှယ်ယာတွေထည့်ဝင်ထားသလို့ လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးသူလည်းဖြစ်ပါတယ်။