တိုင်းရင်းသား ၇ ဖွဲ့ အပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်ရတာလဲ
ဝပြည် ပန်ခန်းမှာ ပြုလုပ်တဲ့ လက်နက်ကိုင်တိုင်းရင်းသား ညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်မထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-
2017-02-28 -
-
-
Your browser doesn’t support HTML5 audio
ဝပြည် ပန်ခန်းမှာ ပြုလုပ်တဲ့ လက်နက်ကိုင်တိုင်းရင်းသား ညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်မထိုးဖို့ ဆုံးဖြတ်လိုက် ပါတယ်။ အဲဒီအထဲက အဖွဲ့တချို့ဟာ နဂိုက NCA ကို လက်ခံကြတဲ့အဖွဲ့တွေဖြစ်ပေမယ့် အခုတော့ NCA ရဲ့ နောက်ကွယ်မှာ နိုင်ငံရေးမြှုပ်ကွက်တွေရှိတယ် လို့ ပြောကြပါတယ်။ ဒီအခြေအနေဟာ တပ်မတော်ရဲ့ သဘောထားတင်းမာမှုကို တိုင်းရင်းသားတွေဘက်ကနေ တန်ပြန်တင်းမာပြလိုက်တာမျိုးဖြစ်တယ်လို့ သုံးသပ်သူတချို့က မြင်သလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ကနေ ပြန်စရတော့မယ့် အခြေအနေလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။