မြန်မာတိုင်းရင်းသား မဟာမိတ်အဖွဲ့ ဖွဲ့စည်း

ဝါရှင်တန်ဒီစီမြို့မှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသား မဟာမိတ်အဖွဲ့ Nationalities Alliance(Burma) အဖွဲ့ဝင်များ။
ဝါရှင်တန်ဒီစီမြို့မှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသား မဟာမိတ်အဖွဲ့ Nationalities Alliance(Burma) အဖွဲ့ဝင်များ။ (Photo: Nationalities Alliance(Burma) )

0:00 / 0:00

ပြီးခဲ့တဲ့ အပတ်အတွင်း မြန်မာနိုင်ငံက တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေစုပေါင်းပြီး အမျိုးသား မဟာမိတ်အဖွဲ့ Nationalities Alliance(Burma) ကို ဝါရှင်တန်ဒီစီမြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။

အလားတူ ဒီအဖွဲ့အစည်းမျိုးတွေ တခြားနိုင်ငံတွေမှာလည်း ဆက်လက်ဖွဲ့စည်းဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။