မြန်မာပြောင်းလဲမှု တရုတ် အကူညီလိုဟု Global Times ရေးသား

ဧပြီလ ၂၅ ရက်နေ့ထုတ် တရုတ်အစိုးရအာဘော် Global Times သတင်းစာမှာ မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် တရုတ်ပြည်ရဲ့အကူ အညီ အထူးအရေးကြီးကြောင်း ရေးသားထားပါ တယ်။

ဧပြီလ ၂၅ ရက်နေ့ထုတ် တရုတ်အစိုးရအာဘော် Global Times သတင်းစာမှာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်း လဲရေးအတွက် တရုတ်ပြည်ရဲ့အကူအညီကို အထူးအရေးကြီးကြောင်း ရေးသားထားပါတယ်။

အဲဒီဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရရဲ့ တနှစ်ကြာသက်တမ်းအတွင်း အခက်အ ခဲတွေအကြားကနေ တိုးတက်မှု အများအပြား ဆောင်ရွက်နိုင်ခဲ့ပေမယ့် အုပ်ချုပ်ရေးဆိုင်ရာ အမှားအယွင်းတွေနဲ့ အားနည်းချို့တဲ့မှုတွေလည်း ရှိခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရ အဓိက ရင်ဆိုင်နေရတဲ့ ပြသနာက တပ်မတော်နဲ့ ဆက်ဆံရေးဖြစ်ကြောင်း၊ NLD ဗဟိုအလုပ်အ မှုဆောင် ဦးဝင်းထိန်က သူတို့ပါတီနဲ့ စစ်တပ်အကြား ဘာပြသနာမှ မရှိဖူးလို့ပြောနေပေမယ့် တကယ်တန်းမှာ ဒီအဖွဲ့အစည်း ၂ ခုအကြား ကိုယ်ကျိုးစီးပွားနဲ့ လိုအင်ဆန္ဒပြသနာ ရှိနေကြောင်း၊ တကယ်လို့ ရှေ့လာမယ့် ကာလတ ခုမှာ NLD က ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားလာခဲ့မယ်ဆိုရင် စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပေါ်ပေါက်လာ မှာဖြစ်ကြောင်း တရုတ်သတင်းစာက ရေးထားပါတယ်။

ဆက်လက်ပြီး ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးဟာ ဒေါ်အောင်ဆန်းစုကြည် အပြင်းအထန် ဝါယမစိုက်နေတဲ့ ကိစ္စဖြစ်ပေမယ့် ပြည်တွင်းနိုင်ငံရေးပြသနာတွေကြောင့် ကြန့်ကြာနေခဲ့ရကြောင်း၊ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်း သားအင်အားစုတွေအကြား သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်နေတဲ့အတွက် မေလ ၂၄ ရက် အထိ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါပေမယ့် အဲဒီလို အခက်အခဲတွေကြားထဲကပဲ မြန်မာပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကတော့ တိုးတက်မှုရှိ ခဲ့ကြောင်း၊ NLD အစိုးရဟာ အာဆီယံနိုင်ငံတွေနဲ့ရော တခြားသက်ဆိုင်ရာနိုင်ငံတွေနဲ့ပါ ဆက်ဆံရေးကို တိုး တက်မြှင့်တင်နိုင်ခဲ့ပြီး တချိန်တည်းမှာပဲ မြန်မာနိုင်ငံဟာ တရုတ်နဲ့အမေရိကန်နိုင်ငံ ၂ ခုလုံးကို တပြေးညီဆက် ဆံပြီး ချိန်ခွင်လျှာမပျက် ထိန်းထားနိုင်ခဲ့ကြောင်း၊ အဲဒီလို လက်တွေ့ကျတဲ့ သံတမန်ဆက်ဆံရေးဟာ တိုင်းပြည် ဖွံဖြိုးရေးအတွက်သာမက နိုင်ငံတကာအလယ်မှာ NLD အစိုးရရဲ့ ပုံရိပ် ပိုမိုထွန်းပြောင်ရေးအတွက်ပါ အကျိုးရှိစေ မှာဖြစ်ကြောင်းလည်း တရုတ်သတင်းစာက ရေးပါတယ်။

တဆက်တည်းမှာပဲ NLD အစိုးရဟာ ရိုဟင်ဂျာပြသနာအတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို အပြင်းအထန် ရင် ဆိုင်နေရကြောင်း၊ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးမှုကျဆင်းနေပြီး ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် အတွင်း မြန်မာကျပ်ငွေတန်ဖိုး ၁၄% ထိုးကျသွားခဲ့ကြောင်းနဲ့ စီးပွားရေးတိုးတက်မှုနှုံးကလည်း အရင်နှစ်က ၇.၃% ရှိခဲ့ရာကနေ အခု ၂ဝ၁၆-၁၇ ဘဏ္ဏာနှစ်မှာ ၆.၅% ကို နိမ့်ဆင်းသွားကြောင်း ရေးထားပါတယ်။

နိဂုံးချုပ်မှာတော့ အခုလို အောင်မြင်မှုနဲ့ ကျဆုံးမှုတွေ ရောထွေးနေတဲ့ NLD အစိုးရအနေနဲ့ အတွေ့အကြုံတွေကို စုစည်းပြီး ပြသနာတွေကို အဖြေရှာရမှာဖြစ်ကြောင်း၊ ပြသနာအားလုံးကို တနှစ်တည်းနဲ့ ဖြေရှင်းဖို့ဆိုတာကိုတော့ ဘယ်နည်းနဲမှ မျှော်လင့်ကြဖို့ မသင့်ပါကြောင်း၊ တကယ်တော့ NLD ဟာပြုပြင်ရေးလမ်းကြောင်းမှန်ပေါ် ရောက် ရှိနေပြီဖြစ်ကြောင်းနဲ့ လက်ရှိအစိုးရရဲ့ ကျန်ရှိ လေးနှစ်အတွင်း ရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် တရုတ်ပြည်ရဲ့ ပံ့ပိုးကူညီမှုမလွဲမသွေလိုအပ်ပါကြောင်း၊ တပြိုင်နက်မှာ အခုလို မြန်မာအစိုးရက ပြည်သူ့စီးပွါး ဦးထိပ်ထား ကြိုးပမ်းနေချိန်ဟာ တရုတ်ပြည်က One Belt, One Road ခေါ် အာရှ၊ ဥရောပနဲ့ အာဖရိကနိုင်ငံတွေ အကြား ကုန်သွယ်မှုလမ်းကြောင်း တိုးတက်ရေး မဟာဗျူဟာ ချမှတ်လုပ်ဆောင်နေချိန်နဲ့လည်း တိုက်တိုက်ဆိုင် ဆိုင် ဖြစ်နေကြောင်း၊ ဒါ့အပြင် သူတို့တရုတ်အစိုးရဟာ လက်ရှိမြန်မာအစိုးရနဲ့ရော တပ်မတော်နဲ့ပါ ရင်းနှီးနေသ လို မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပေါ်မှာလည်း အတော်အသင့် သြ ဇာညောင်း တဲ့အတွက် မြန်မာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက်ဖြစ်စေ၊ တပ်မတော်နဲ့ NLD အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့အတွက်ဖြစ်စေ၊ အပြုသဘောပါဝင် ဆောင်ရွက်နိုင်ပါကြောင်းစသဖြင့် တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org