စစ်တွေက အထက်တန်းအောင်ပြီးတဲ့မွတ်စလင်လူငယ်များ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ အခြေခံပညာအထက်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်ခွင့်မရတဲ့ မွတ်စလင်လူငယ် အယောက် ၈ဝ ကျော်ဟာ တက္ကသိုလ် ဆက်တက်ခွင့်မရဘူးလို့ သတင်းရရှိပါတယ်။
-
2019-01-28 -
-
-

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ အခြေခံပညာအထက်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်ခွင့်မရတဲ့ မွတ်စလင်လူငယ် အယောက် ၈ဝ ကျော်ဟာ တက္ကသိုလ် ဆက်တက်ခွင့်မရဘူးလို့ သတင်းရရှိပါတယ်။ ပညာရေးဝန်ကြီးဌာနက သူတို့အတွက် အထက်တန်းကျောင်းတွေ၊ မြို့နယ်ပညာရေးမှူးရုံးတွေမှာ အဝေးသင် တက္ကသိုလ်ပညာရေး အစီအစဉ် လုပ်ဆောင်ပေးထားပေမယ့်၊ ဒီအစီအစဉ်ကို လက်မခံတဲ့သူ များနေပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။