မန္တလေးဆရာတော်ကြီးများရဲ့ သြဝါဒ

မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ သာသနာထွန်းကားရေးမှာ မန္တလေး သံဃာတော်များရဲ့ သြဇာ အရှိန်အဝါက ကြီမားလှပါတယ်။

မန္တလေးဆရာတော်ကြီးများ

မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ သာသနာထွန်းကားရေးမှာ မန္တလေး သံဃာတော်များရဲ့ သြဇာ အရှိန်အဝါက ကြီမားလှပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း မန္တလေးကို ကမ္ဘာမှာ ပိုမိုနာမည်ကြီးစေတဲ့ ဆရာတော်တစ်ပါးကတော့ မစိုးရိမ်တိုက်သစ်က ဆရာတော် အရှင်ဝီရသူဖြစ်ပါတယ်။ သူ့ရဲ့ ဟောပြောမိန့်ကြားချက်တွေဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်နဲ့ ဆန့်ကျင်နေတယ်လို့ ဆရာတော်တချို့က ဆိုပါတယ်။ ဒီအတွက် အရှင်ဝီရသူ အပါအဝင် နာမည်ကျော်ကြားတဲ့ မန္တလေးက ဆရာတော်များရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးဆိုင်ရာ အယူအဆ သြဝါဒတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ မန္တလေးမြို့ကို သွားရောက်လျှောက်ထားရယူခဲ့ပါတယ်။ ဆရာတော်များစွာရှိတဲ့အနက် အချိန်တိုအတွင်း ဖူးမျှော်ခွင့်ရခဲ့တဲ့ အောက်ဖေါ်ပြပါ ဆရာတော် ၇ ပါးရဲ့ သဘောထားတွေကို RFA က အပိုင်း ၃ပိုင်းခွဲပြီး တင်ပြထားပါတယ်။

၁။ အရှင် ဦးစိတ္တာဘိဝံသ - မန္တလေးတိုင်း ဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဌ။ မစိုးရိမ်တိုက်ဟောင်း
၂။ အရှင် ဦးပညာသာမီဘိဝံသ- ဂန္ထကျောင်းဆရာတော်။ မစိုးရိမ်တိုက်ဟောင်း။
၃။ အရှင် ဦးဝီရသူ - မစိုးရိမ်တိုက်သစ်
၄။ အရှင် ဦးဘဒ္ဒ န္တကာဝိယ - ဂဠုန်နီဆရာတော်
၅။ အရှင် ဦးဇောတိက -မန္တလေး ရန်ကင်းတောင်၊ ဥယျဉ်စာသင်တိုက်
၆။ အရှင် ဦးအရိယ - မန္တလေးနန်းရှေ့ ရွှေကူကျောင်းတိုက်
၇။ အရှင် ဦးယာနိက ရွှေခြံဆရာတော်၊ မဟာဝိဇိတာရုံကျေင်းတိုက်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org