စာပေကိစ္စနဲ့ ဝန်ကြီးဌာန မသက်ဆိုင်သလိုဖြစ်နေ


2018.03.19

မတ်လကုန်လို့ ဧပြီလဆန်းရင် NLD အမျိုးသားဒီမိုကရေစီအစိုးရသက်တမ်း နှစ်နှစ် ရှိပါတော့မယ်။ ဒီနှစ်နှစ်အတွင်း မြန်မာ့စာပေရေစီးကြောင်း အားကောင်းအောင် တဘက်တလမ်းက ပံ့ပိုးပေးတဲ့သဘောဆောင်တဲ့ ၂၀၁၇ စာပေညီလာခံဟာ မဆလခေတ်ကကျင်းပတဲ့ ညီလာခံမျိုးလို မဟုတ်ဘဲ စာပေနယ်က လူတိုင်းတက်ရောက်ခွင့်ရပါတယ်။ ဒါပေမဲ့ ဆွေးနွေးဝိုင်းတွေများပြီး ညီလာခံပြီးတဲ့အခါ အကြံပြုချက်တွေကို ဝန်ကြီးဌာန တင်ရတာမို့ စာပေသမားဆုံးဖြတ်ရမယ့်၊ စာပေသမား ကိုယ်တိုင်ဖန်တီးရမယ့် စာပေကိစ္စနဲ့ ဝန်ကြီးဌာန မသက်ဆိုင်သလိုဖြစ်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။