လောင်းလုံးမြို့နယ် ပညစ်ရွာ မီးရှို့ခံရပြီး ဒေသခံ ၅၀၀ ကျော် ထွက်ပြေး

လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့အား တွေ့ရစဉ်။
လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့အား တွေ့ရစဉ်။ (Citizen Journalist)

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို မတ်လ ၁၀ ရက်က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် အရပ်သား ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ် ဝင်ရောက်ခဲ့ တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်ရှိအခြေအနေကတော့ စစ်ကောင်စီတပ်က ပြန်ဆုတ်သွားပြီ။ အိမ်ခြေကတော့ ကျနော်တို့ လောလောဆယ်သိရသလောက်တော့ ခြောက်လုံးမီးလောင်သွားပါတယ်"

ပညစ်ရွာဟာ လောင်းလုံးမြို့ အနောက်မြောက်ဘက် သုံးမိုင်ခွဲကျော်မှာရှိတဲ့ တံငါရွာဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ ဦးယဉ်ထွေးကတော့ လုံခြုံရေးအရ နယ်မြေ စိုးမိုးရေး လုပ်ဆောင်တာလို့ RFA ကို ပြောပါတယ်။

မတ်လ ၄ ရက်ကလည်း လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာကို စစ်ကောင်စီ တပ်က လက်နက်ကြီးပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံ ၈၀၀ ဝန်းကျင် ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Southern Monitor က စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း နေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံရသလို အရပ်သား ၃၉၄ ဦး သေဆုံးကာ ၁၄၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။