သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြည်သူ့ဂုဏ်ရည်ဆု လက်ခံရယူ
ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂ဝ၂၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မေ ၂၁ ရက်နေ့မှာ ချီးမြှင့်လိုက်ပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023-05-22 -
-
-
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့ကျင်းပသည့် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ တွေ့ရစဉ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်ပြည်ထောင်စု ကယ်လ်ဖိုးနီးယားပြည်နယ်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့က ၂ဝ၂၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မေလ ၂၁ ရက်နေ့မှာ ချီးမြှင့်လိုက်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေကိုကိုယ်စားပြုသူအနေနဲ့ ဦးကျော်မိုးထွန်းကို ဒီဆု ချီးမြှင့်တာဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းက သူ့ကိုချီးမြှင့်တဲ့ ဆုငွေအမေရိကန် ဒေါ်လာတစ်သောင်းကို NUG အမျိုးသား ညီညွတ်ရေးအစိုးရကို ပြန်ပြီးလှူဒါန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လ်ဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်ခရိုင် Baldwin Park မြို့က ခန်းမဆောင်တစ်ခုမှာ ဒေသစံတော်ချိန် မေလ ၂၁ ရက် ညနေမှာကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားအကြောင်းကို သတင်းသွားယူနေတဲ့ ဦးခင်မောင်စိုး တင်ပြထားပါတယ်။