ကျောက်ဖြူစီးပွားရေးဇုန် တင်ဒါအပေါ် သဘောထား
2015.12.31
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် တရုတ်ကုမ္ပဏီအများစုပါဝင်တဲ့ CITIC (The CITIC Consortium) အဖွဲ့က တင်ဒါအောင်ခဲ့ပါတယ်။
အစိုးရက အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် တင်ဒါအောင်တဲ့ ကုမ္ပဏီကို ထုတ်ပြန်ကြေညာတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက သဘောမတူကြဘူးလို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က စုစည်းတင်ပြထားပါတယ်။