0:00 / 0:00
အစိုးရ တပ်မတော် ခေါင်းဆောင်းတွေနဲ့ KIA/KIO ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တာလီမြို့မှာ သြဂုတ်လ ၅ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မအောင်မမြင် ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲဟာ တတိယအကြိမ် ပင်လုံညီလာခံအပြီးမှာ ပထမဆုံးအကြိမ် တွေ့ဆုံပွဲလဲ ဖြစ်ပါတယ်။ ဆွေးနွေးပွဲဟာ အစမကောင်းဘူးလို့ သုံးသပ်ပြောဆိုသူတွေ ရှိသလို မတွေ့ဆုံတာထက် အခုလို တွေ့ဆုံတာဟာ ကောင်းတဲ့ လမ်းစ ဖြစ်တယ်လို့ သုံးသပ်သူတွေလဲ ရှိပါတယ်။ ဒီအကြောင်းအပြည့်အစုံကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။