အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားအဖွဲ့ ICA က အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရ အုပ်ချုပ်နေတဲ့ကာလဖြစ်တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်ရင် နိုင်ငံတကာက ဝင်ပါစရာမလိုဘူးလို့ ထင်မြင်နေကြတဲ့အတွက် အခြေအနေမှန် ကို သိအောင်လုပ်ဖို့လိုတယ်လို့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ ICA အဖွဲ့က ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉ ဧပြီ ၄ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

လက်ရှိ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရ အုပ်ချုပ်နေတဲ့ ကာလဖြစ်တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် နိုင်ငံတကာက ဝင်ပါစရာမလိုဘူးလို့ ထင်မြင်နေကြတဲ့အတွက် အခြေအနေမှန်ကို သိရှိအောင် လုပ်ဆောင်ဖို့လိုတယ်လို့ အမေရိကန် နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေဖွဲ့စည်းထားတဲ့ International Campaign for Arakan (ICA) အဖွဲ့က ပြောလိုက်ပါတယ်။

ICA အဖွဲ့ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲနဲ့ သုတေသနအစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားကို ဝါရှင်တန်ဒီစီမြို့ National Press Club သတင်းထောက်အသင်းမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီအကြောင်းကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org