တရုတ်ကိုရောင်းစားခံနေရတဲ့ ပြဿနာတွေဖြေရှင်းပေးဖို့ အမျိုးသမီးရေး လှုပ်ရှားသူတွေ လိုလား

မူဆယ်မြို့ မြင်ကွင်း
မူဆယ်မြို့ မြင်ကွင်း (Photo: Kan Thar/ RFA)

0:00 / 0:00

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ စစ်ပြေးဒုက္ခသည်တွေ များနေပြီး စားဝတ်နေရေး မပြေလည်တဲ့အတွက် တရုတ်နိုင်ငံဘက်ကို အမျိုးသမီးတွေ လူကုန်ကူးခံရ၊ ရောင်းစားခံရတာ ပိုများလာသလို၊ အမျိုးသားတွေလည်း ရောင်းစားခံရပြီး လုပ်အားခမရဘဲ ပြန်လာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါဟာ စိုးရိမ်စရာဖြစ်နေတဲ့အတွက် အစိုးရအနေနဲ့ ဒီကိစ္စကို လေးလေးနက်နက် ပိုပြီး ကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြပြောဆိုကြပါတယ်။

RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။